ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများအနက် ရောဂါပျောက်ကင်းသူ(၁၁) ဦး ထပ်မံဆေးရုံဆင်းခွင့်ရ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက ကျန်းမာရေးကောင်းမွန်သူ(၁၁)ဦး ထပ်မံဆေးရုံ ဆင်းခွင့်ရရှိခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့နယ်၌ ဝါမျိုးစုံဧက(၂၃၇၅၇)ဧက စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်း

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ယခုနှစ်စိုက်ပျိုးရာသီအတွင်း ဝါမျိုးစုံဧက(၂၃၇၅၇)ဧက စိုက်ပျိုး နိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

တောင်ဥက္ကလာပမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တောင်ဥက္ကလာပမြို့နယ် ဦးစီးမှူးရုံး မှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်မှုလုပ်ငန်း စည်းကမ်းချက်များနှင့်အညီ ယမန်နေ့ နံနက်ပိုင်း က အမှတ်(၁၄)ရပ်ကွက်ဓမ္မာရုံတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အခြေခံရှာဖွေကယ်ဆယ်ရေး သင်တန်းဆင်းပွဲ ကျင်းပ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း(ပခုက္ကူ)တွင် ယနေ့နံနက် ၈ နာရီအချိန်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ အခြေခံ ရှာဖွေကယ်ဆယ်ရေး သင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်ကျင်းပသည်။

ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးမည့်နေရာပြောင်းလဲမှုအား အသံချဲ့စက်ဖြင့် လိုက်လံ အသိပေး

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံသည့်နေရာ ပြောင်းလဲ ထိုးနှံမည့်နေရာများကို ပြည်သူများသိရှိစေရန်အတွက် ယမန်နေ့ညနေ ၃ နာရီအချိန်နှင့် ယနေ့ နံနက် ၆ နာရီအချိန်တို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမည့်နေရာများအား ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဝန်ထမ်းများအသံချဲ့စက်ဖြင့် ကျေးရွာ/ရပ်ကွက်များသို့ လိုက်လံ အသိပေးခဲ့ကြောင်း သိရသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ကွင်းဆင်းပြုလုပ်ပေး

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး အတွက် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ထွန်းနှင့် ဝန်ထမ်းများ က မြို့နယ်အတွင်းရှိ (၉၄)ရပ်ကွက်နှင့် (၈၉)ရပ်ကွက် များသို့ သွားရောက်ကွင်းဆင်း၍ ယမန်နေ့ နံနက်ပိုင်းက နိုင်ငံသား စိစစ်ရေး ကတ်ပြားများကို ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရသေ့တောင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုး အတည်ပြုလူနာ(၁)ဦး ထပ်မံစစ်ဆေးတွေ့ရှိပြီး ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း(၈၆)ဦးထိရှိပြီဖြစ်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာ(၁)ဦးအား ထပ်မံစစ်ဆေး တွေ့ရှိခဲ့ပြီး မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း(၈၆)ဦးထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

ကျောက်တံတားမြို့နယ်တွင် ပန်းခင်းစီမံချက်များ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီး ဌာနမှ လဝကဦးစီးမှူး ဒေါ်နွယ်ခိုင်ဇင်ဦးနှင့် ဝန်ထမ်းများ​သည် အမှတ်(၂)ရပ်ကွက် ရပ်မိ ရပ်ဖနေအိမ်၌ ယမန်နေ့ နံနက် (၉)နာရီမှ နေ့လယ်(၁)နာရီအထိ ပန်းခင်းစီမံချက်များ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

ပိုင်ကျုံမြို့၌ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေး ပြည်သူများလိုက်နာ ဆောင်ရွက် ရမည့်အချက်များအား လိုက်လံအသိပေးနှိုးဆော်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး နှိုးဆော်ချက်များကိုယနေ့နံနက်(၇)နာရီအချိန်တွင်မြို့ပေါ်ရပ်ကွက်များတွင် ကရင်၊ မြန်မာနှစ်ဘာသာဖြင့် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
Subscribe to