ကျိုက်ထို အောက်တိုဘာ ၃
ကျိုက်ထိုမြို့နယ်လုံးကျွတ် ဝါဆို သံဃာတော်များနှင့် သီလရှင်များအား ကိုဗစ်-၁၉ ကာလတွင် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၄၁၉)ကျောင်းရှိ ရဟန်းသာမဏေနှင့် သီလရှင်(၃၇၆၄)ပါးအတွက် ဆန်၊ဆီ၊ဆား၊ပဲ၊လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် မြို့နယ်သာသနာ့ဗိမာန်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ဘဒ္ဒန္တတိက္ခာသာရ (အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ) ဆရာတော်ကြီးမှ ငါးပါးသီလချီးမြှင့်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းစိုး ကသာသနာရေးဆိုင်ရာကိစ္စရပ်များကို ဆရာတော်ကြီးများအား လျှောက်တင်ပြီး လှူဖွယ်ဝတ္ထု ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍အလှူရှင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူ ဦးမျိုးမင်းစိုးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
ယင်းနောက် နိုင်ငံတော် ဗဟိုသံဃာ့ ဝန် ဆောင် ဘဒ္ဒန္တတိက္ခာသာရ (အဂ္ဂမဟာဒ္ဓမ္မ ဇောတိကဓဇ) ဆရာတော်မှ ရေစက်ချ အနုမောဒနာတရားတော်အားဟောကြား၍ အလှူရှင်များက ရေစက်သွန်းချ၍ ဗုဒ္ဓသာသနံစိရံတိဋ္ဌ(၃)ကြိမ် ရွတ်ဆိုကာ အခမ်း အနားကို ရုတ်သိမ်းလိုက်သည်။
အဆိုပါလှူဒါန်းပွဲတွင် ဆွမ်းဆန် (၆၂၇) အိတ် ၊ဆီ (၁၈၈၂)ပိသာ၊ဆား(၁၈၈၂)ပိသာ ပဲ(၁၅၀၅)ပိသာ၊ ကြက်သွန်(၄၀၀)ပိသာ စုစုပေါင်းကာလတန်ဖိုး(၃၂၉ ၁၃၁၂၀/) ကျပ် ဖြစ်ပါကြောင်းနှင့် ကျေးရွာအလိုက် ကျောင်းတိုက်များအား ရပ်/ကျေးအုပ်ချုပ်ရေးမှူး များမှတစ်ဆင့်စနစ်တကျဖြန့်ဝေ ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
ကျိုက်ထို (ပြန်/ဆက်)