တောင်သာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုး ၃၃ ဦးထပ်မံတွေ့ရှိ

 မန္တလေးတိုင်းဒေသကြီး  မြင်းခြံခရိုင်  တောင်သာမြို့နယ်အတွင်းရှိ  သပွတ်ပင် တဲကျေးရွာမှ ကျား(၁၄)ဦး၊မ(၁၇)ဦး၊ မင်းစုရပ်ကွက်မှ မ(၁)ဦး၊ ဘူတာကုန်း ရပ်ကွက်မှ ကျား(၁)ဦးတို့သည်ဖျားနာပြီးအနံ့မရသဖြင့်  COVID-19  ရောဂါ သံသယရှိသဖြင့်မြို့နယ်ပြည်သူ့ဆေးရုံ၌ RDT Kit ဖြင့်စစ်ဆေးခဲ့ရာ COVID-19 ရောဂါပိုးတွေ့ရှိခဲ့သည်။

လောင်းလုံးမြို့နယ်တွင် အပတ်စဉ်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် အပတ်စဉ်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီ အချိန်က လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗထူးခန်းမ၌ကျင်းပပြုလုပ်သည်။

စဉ့်ကိုင်မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ၊ စဉ့်ကိုင်မြို့နယ်အတွင် အသက်(၁၈)နှစ် အထက် ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မျှ ထိုးနှံခြင်း မရှိသေးသည့် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးများအား ယနေ့ နံနက်(၉)နာရီမှ စတင်၍ ပထမအကြိမ် ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။

ကျိုင်းတုံမြို့နယ်တွင် ဒေသခံပြည်သူများအား ဦးစားပေးအုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆီနိုဖန်း ပထမအကြိမ် ထိုးနှံပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ဒေသခံပြည်သူများအာ ဦးစားပေးအုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆီနိုဖန်း ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့က မြို့ပေါ်ရပ်ကွက် နှင့် ကျေးရွာများတွင် တာဝန်ရှိသူများက ထိုးနှံပေးသည်။

ငါန်းဇွန်မြို့နယ်လုံးဆိုင်ရာ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ ရတနဃရသာသနဗိမာန်တော်၌ ယမန်နေ့ နေ့လည် ၂နာရီအချိန်က မြို့နယ်လုံးဆိုင်ရာ အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကိုဗစ်-၁၉ရောဂါကာကွယ်တားဆီးထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ နေ့စဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃၄/၂၀၂၁) ကျင်းပ

မကွေးတိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ နေ့စဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃၄/၂၀၂၁) ကို ယနေ့နံနက် (၉)နာရီအချိန် က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ မကွေတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့ပေါ်ရပ်ကွက်များအတွင်းကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများ အသိပေးနှိုးဆော်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ကိုဗစ် - ၁၉  ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်ချက်များအရယနေ့ နံနက် (၁၀)နာရီခွဲအချိန်မှစ၍ မြို့ပေါ်ရပ်ကွက်ရှိလူစည်ကားရာလမ်းဆုံနေရာများတွင်ကိုဗစ်-၁၉ ကူးစက်ပျံ့နှံမှုကြိုတင်ကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများအားအသံချဲ့စက်ဖြင့် အသိပေး နှိုးဆော်လျက်ရှိကြောင်းသိရသည်။

ကမမောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများမရှိစေရေး အသိပညာပေးခြင်းနှင့် ဒုတိယအုပ်စု (Sinopharm)ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံနိုင်ရေးနှိုးဆော်ခြင်းများ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ပေါ်ရပ်ကွက်များအတွင်း ကိုဗစ် - ၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု လျော့နည်းစေရန်နှင့်ရောဂါကွင်းဆက်ပြတ်တောက် နိုင်ရေးနှင့် မိဘ ပြည်သူများအား ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အသိပညာပေး နှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀နာရီအချိန်၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများမရှိစေရေး အသိပညာပေးခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) တစ်ကြိမ်မျှမထိုးနှံရသေးသည့် သူများအား ဒုတိယအုပ်စုအနေဖြင့်ထိုးနှံနိုင်စေရေး နှိုးဆော်ခြင်းများကို မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊အမှတ် (၂)ရပ်ကွက် ရာအိမ်မှူးနှင့်အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြ ကြောင်းသိရ သည်။
Subscribe to