သပိတ်ကျင်း အောက်တိုဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ် ရေးကတ်ပြားကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက တွင်းငယ်ကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် တွင်းငယ်ကျေးရွာရှိ အသက် (၁၀)နှစ်ပြည့် အမျိုးသား(၁၁)ဦး၊ အမျိုးသမီး (၁၃)ဦးနှင့် အသက်(၁၈)နှစ်ပြည့် အမျိုးသား(၂၈)ဦး၊ အမျိုးသမီး(၁၉)ဦး စုစုပေါင်း (၇၁)ဦးတို့အား မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းသူရနှင့်ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ကို ၂၀၂၁ခုနှစ် မေလ (၃)ရက်နေ့မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ(၃)ရက်နေ့အထိ ကာလ သတ်မှတ်ထားပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူများအား စီမံချက်ကာလ အတွင်း အပြီးဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုးနိုင်ဝင်း