ဖာဆောင်း အောက်တိုဘာ ၄
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ရုံးမှ မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းအောင် ဦးဆောင်သော ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး ခြင်းကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က တောင်ပေါ်ကျေးရွာ ခန်းမဆောင်၌ ပြည်သူများအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းအောင်က အသက်(၁၆)နှစ်နှင့်အထက် အိမ်ထောင်စုစာရင်း မရှိ သူများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ယခုလိုပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်း၏ ရည်ရွယ်ချက်မှာ ပြည်သူများအနေဖြင့် အလုပ်လုပ်ကိုင် ဆောင်ရွက်ရာတွင် အဆင်ပြေ ချောမွေ့စွာ လုပ်ကိုင်နိုင်ရန် ခရီးသွားလာရာတွင် အဆင်ပြေစေရန် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထိုနောက် နိုင်ငံသားစိစစ်ရေးကတ်ပြား နိုင်(၃)(က)၃ ဦး၊ လဲလှယ်(၁၇)ဦး၊ နိုင် ၆ (က)မိတ္တူ (၅)ဦး၊ အိမ်ထောင်စုလူဦးရေစာရင်း အိမ်ထောင်စုခွဲ(၁)စု၊ အိမ်ထောင်စု မိတ္တူ(၆)စု၊ မွေးတိုး(၃)စုတို့နှင့်သေဆုံး(၁)စု တို့ကို ဆောင်ရွက်ပေးခဲ့ပြီး လက်ဝယ်အရောက် ပေးအပ်ခဲ့ကာ “ပန်းခင်းစီမံချက်” အသိပညာပေး လက်ကမ်း စာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်းနှင့် မြို့နယ်အတွင်းရှိ အခြားကျေးရွာများတွင် လည်း ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းအောင်ထံမှ သိရသည်။
နန်းသဲနုအောင် (ဖားဆောင်း)