အင်းစိန်မြို့နယ်၌ တစ်ရက်လျှင် လီတာ(၄၀)အိုး အလုံး(၂၀၀)ခန့် ထုတ်လုပ်နိုင်သည့် အေက်ဆီဂျင် စက်ရုံသစ်ကို အောက်တိုဘာလအတွင်း စတင်ဖွင့်လှစ် ထုတ်လုပ်အသုံးပြုနိုင်မည်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကွက်သစ်ရပ်ကွက်၊ မာလာရာမ ကွက်သစ်ကျောင်းတိုက် အတွင်း တည်ဆောက်သည့် စိန်ရတနာ နာရေးကူညီမှုအသင်း၏ အောက်ဆီဂျင်စက်ရုံ တည် ဆောက်နိုင်ရေးအတွက် အသင်း၏ မတည်ငွေနှင့် အလှူရှင်များ လှူဒါန်းသည့် လှူဒါန်းငွေများဖြင့် တစ်ရက်လီတာ(၄၀)အိုး အလုံး(၂၀၀)ခန့် ထုတ်လုပ်နိုင် သည့် အောက်ဆီဂျင်စက်ရုံသစ်ကို အောက်တိုဘာလအတွင်း စတင်ဖွင့်လှစ် ထုတ်လုပ်အသုံးပြု နိုင်မည်ဖြစ်ကြောင်း စိန်ရတနာ နာရေးကူညီမှုအသင်း၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

မိုင်းပျဉ်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၁၂)ဉီးထပ်မံစစ်ဆေးတွေ့ရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ(၁၀) ဉီးအား ယမန်နေ့က ထပ်မံစစ်ဆေးတွေ့ရှိခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ (၁၃) ဦး စစ်ဆေးတွေ့ရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် အောက်တိုဘာလ (၃) ရက်နေ့၌ ကိုဗစ်-၁၉ ရောဂါ သံသယရှိသူ (၁၉) ဦးအား RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ (၁၃) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်းနှင့် ၎င်းတို့အား ပြည်သူ့ဆေးရုံ အတွင်းရှိ Isolation Ward တွင် ထားရှိကုသ ပေးလျက်ရှိကြောင်း သိရသည်။

မိုးနဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နှာခေါင်းစည်း (Mask) တပ်ဆင်ရေးလှုပ်ရှားမှု ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအဖြစ် အသိပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီအချိန်က ဥယျာဉ်ရပ်ကွက်ရှိ ချယ်ရီလမ်းနှင့် သဇင်လမ်းဆုံနေရာတွင် နှာခေါင်းစည်း တပ်ဆင်ရေးလှုပ်ရှားမှုအဖြစ် နှာခေါင်းစည်း (Masks) များအခမဲ့ဖြန့်ဝေပေးခဲ့‌ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ပြန်လည်ကောင်းမွန်လာသူ၏ ရင်တွင်းစကားသံ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို မြို့ပေါ် ရပ်ကွက်များသာမက ကျေးရွာများအထိ သတ်မှတ်စုရပ်များအလိုက် ကာကွယ်ဆေးများ ထိုးနှံပေး လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသော်လည်း ပြန်လည်ကောင်းမွန်လာသည့် ပြည်သူများ၏ ရင်တွင်းစကားသံများကို အောက်ပါအတိုင်း ဖော်ပြလိုက်ရပါသည်-

မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၁၈ ဦး ဆေးရုံဆင်းခွင့်ရသဖြင့် စုစုပေါင်း ဆေးရုံဆင်းသူ ၃၉၃ ဦးအထိရှိလာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၁၈ ဦးအား ကျန်းမာရေးပြန်လည်ကောင်းမွန်လာ၍ ဆေးရုံဆင်းခွင့်ရသဖြင့် စုစုပေါင်း ဆေးရုံဆင်းသူ ၃၉၃ ဦးအထိရှိလာကြောင်း သိရသည်။

ရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လုံးဝမထိုးရသေးသူများအား ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လုံးဝမထိုးရသေးသူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်မှစ၍ ရွာသစ် တိုက်နယ်ဆေးရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အင်းစိန်မြို့နယ်၌ အလုပ်ခွင်တွင် ထိခိုက်ဒဏ်ရာရရှိသူအား ကြက်ခြေနီအသင်း (အင်းစိန်)မှ ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေးကူညီ စောင့်ရှောက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်နေ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ကြက်ခြေနီအသင်း(အင်းစိန်)မှ တာဝန်ရှိသူများက ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို အကူအညီလိုအပ်သော ပြည်သူများထံ အိမ်အရောက် သွားရောက်၍ ဆောင်ရွက်ပေးလျက်ရှိသည်။

ကသာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးရသေးသော ပြည်သူများအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၌ ဒုတိယအသုတ်ရောက်ရှိလာသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ကို မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးရသေးသော ပြည်သူများအား ပထမအကြိမ်အဖြစ် ယနေ့နံနက် (၈)နာရီအချိန်မှစ၍ ကသာမြို့တော်ခန်းမ၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ကံမမြို့နယ်တွင် အောက်ဆီဂျင်စက်ရုံတည်ဆောက်နေမှု (၈၀)ရာခိုင်နှုန်းခန့် ပြီးစီး

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများနှင့် အရေးပေါ်လူနာများအတွက် အောက်ဆီဂျင်လုံလောက်စွာရရှိစေရန် အလူရှင်စေတနာရှင်များ၏ လှူဒါန်းထည့်ဝင်ငွေများဖြင့် ဝယ်ယူခဲ့သည့် အောက်ဆီဂျင်စက်ရုံတည်ဆောက်နေမှုမှာ (၈၀) ရာခိုင်နှုန်းခန့် ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
Subscribe to