မိုင်းယန်းမြို့နယ်တွင် လစဉ်အသက် ၂ လမှ ၁ နှစ်ခွဲအရွယ်ထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

မိုင်းယန်း          အောက်တိုဘာ  ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် လစဉ်အသက် ၂ လမှ ၁ နှစ်ခွဲ အရွယ်ထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက ကျိုင်းဟင်ရပ်ကွက် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနရုံးတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေးရာတွင် အမျိုးသမီး ကျန်းမာရေးဆရာမ ဒေါ်ဌေးဌေးခိုင်နှင့် ကျန်းမာရေးဝန်ထမ်းများက အသက် ၂ လမှ ၁ နှစ်ခွဲ အရွယ် ကလေးငယ်များအား  ကျန်းမားရေးစစ်ဆေးပေးခြင်း၊ ကျန်းမားရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မိုင်းယန်းမြို့နယ်အတွင်း လစဉ် အသက် ၂ လမှ ၁ နှစ်ခွဲအရွယ်ထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး လာရောက်ထိုးနှံပေးရာတွင် ကလေးငယ် စုစုပေါင်း (၆၃)ယောက်အား  အသက်အရွယ်အုပ်စုအလိုက် စနစ်တကျထိုးနှံပေးခဲ့ကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သိရသည်။

ထွန်းထွန်းထူး