မြောင်းမြ အောက်တိုဘာ ၄
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီး မှူးရုံးမှ တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ် တစ်မျိုးမျိုးထုတ် ပေးနိုင်ရေးဆောင်ရွက်ပေးနေမှုနှင့် ပတ်သက်၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် "ပန်းခင်းစီမံချက်" ဆိုင်းဘုတ်စိုက်ထူပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်း အခမ်းအနားကို ယနေ့နံနက် (၉)နာရီ အချိန်က အ.ထ.က(၃)ကျောင်းအနီး ဦးဘချိုလမ်းမကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်နှင့် အဖွဲ့ဝင်များ၊ မြောင်းမြခရိုင် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြောင်းမြခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးတင်မြိုင်နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ "ဆောင်ပုဒ်ပါ ပန်းခင်းစီမံချက်ဆိုင်းဘုတ်အား စိုက်ထူ၍ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးမည့် လုပ်ငန်း(၄)ရပ်၊ နိုင်ငံသား စိစစ်ရေးကတ်ပြားလျှောက်ထားရာတွင် ယူဆောင်လာရမည့် အထောက်အထားများ၊ အိမ်ထောင်စုလူဦးရေစာရင်းအတွက် ပါရှိရမည့်အထောက်အထားများ၊ ရပ်ကွက်/ ကျေးရွာအုပ် ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများမှ ဆောင်ရွက်ရမည့်လုပ်ငန်းများပါဝင်သည့် ပန်းခင်းစီမံချက်လက်ကမ်းစာ စောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သက်ဝေ(ပြန်/ဆက်)