သရက်ချောင်း အောက်တိုဘာ ၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို အဖွဲ့များခွဲ၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုခံခဲ့ရသော်လည်း ပြန်လည်ကောင်း မွန်လာသူ ဒေါ်ဂျွန်လေး၏ ရင်တွင်းစကားသံများ ကိုယခုလိုဖော်ပြလိုက်ရပါသည်။
ဒေါ်ဂျွန်လေး (မြို့မရပ်ကွက်၊ သရက်ချောင်းမြို့နယ်)
ကျွန်မကတော့ သရက်ချောင်းမြို့နယ်၊ မြို့မရပ်ကွက်၊ နှင်းဆီလမ်းမှာနေထိုင်တဲ့ ဒေါ်ဂျွန်လေးဖြစ်ပါ တယ်။ ကျွန်မဇူလိုင်လ ၆ ရက်နေ့မှာ ရန်ကုန်က ိုအိမ်ခန်းအပ်ဖို့အတွက် သွားပါတယ်။ ရန်ကုန်မှာ (၃) ရက်နေပါတယ် အသွား၊ အပြန်ဆို (၅)ရက် ကြာပါတယ်။ ကလေးတွေကို အမေ့အိမ်မှာထားခဲ့ တယ်။ ဇူလိုင် ၁၁ ရက်နေ့မှာ ပြန်ရောက်ပြီး ၁၂ ရက်နေ့မှာ ကလေးတွေခေါ်ဖို့အတွက် ဆေးရုံမှာ ဆေးသွားစစ်ပါတယ်။ ဆေးစစ်ခံတဲ့အခါမှာတော့ Positive ဖြစ်နေ တာသိလိုက်ရတယ်။ဆ ေးရုံးတစ်ခါတည်း တက်လိုက်ရတယ်။ ဘာမှတော့မခံစားရပါဘူး။ ဆေးရုံမှာ ၁၁ ရက်နေရ ပါတယ်။ ကျွန်မတက်တဲ့အချိန်ဆို ကိုဗစ်ဖြစ်တဲ့လူ သိပ်မရှိသေးပါဘူး။ ကိုဗစ် ကူးစက်မှုကို ကာကွယ်တဲ့အနေနဲ့ ကိုဗစ် ဖြစ်တဲ့လူနာတွေကို သွေးပေါင်ချိန်တိုင်းတဲ့ကတ်နဲ့ အောက်ဆီဂျင်တိုင်းစက်တွေ ပေးထားပါ တယ်။ နားလည်တဲ့သူက တစ်ယောက်နဲ့တစ်ယောက် တိုင်းပေးတယ်။ မနက်ဆို ဆရာမက ဖုန်းဆက်ပြီး မေးပါတယ်။ ဘယ်လူနာမှာ သွေးပေါင်ချိန် ဘယ်လောက်ရှိလဲပေါ့။ အားဆေးတွေပေးတယ်။ အရေးပေါ်လူနာတို့ အောက်ဆီဂျင်ရှူရဖို့၊ အောက်ဆီဂျင်ပိုက်တပ်ရမဲ့ လူနာတွေဆိုရင် ဆရာဝန်နဲ့ ဆရာမတွေက ကြည့်ပေးတယ်။ ကျွန်မတို့ကတော့ ဘာဝေဒနာမှ မခံစားရဘူးလေ။ ဆရာဝန်နဲ့ ဆရာမတွေညွှန်ကြားတဲ့အတိုင်း လိုက်နာပြီး လေ့ကျင့်ခန်းလုပ်တယ်။ ကိုယ်ခံအားကောင်းအောင်နေတယ် အိပ်ရေးဝအောင်အိပ်တယ်။ အားရှိစေတဲ့ အစားအစာ တွေ များများစားတယ်။ အစားအသောက်တွေကို အိမ်က လာပို့ပေးတယ်။ သက်မှတ်ရက် ၁၁ ရက် ပြည့်တော့ ဆေးရုံးဆင်းရတယ်။ အိမ်မှာ Home Quarantine (၇) ရက် နေထိုင် ပါတယ်။ ကိုဗစ်ရောဂါက အဓိကစိတ်ပါ။ စိတ်ကို မာအောင်နေရမယ်။ အစားအဟာရပြည့်ဝအောင် စားမယ်။ အိပ်ရေးကို ဝအောင်အိပ်မယ် ဆိုရင် ကိုဗစ်ရောဂါကို တိုက်ထုတ်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ဒေါ်ဂျွန်လေးကပြောကြား ထားပါသည်။
သရက်ချောင်း(ပြန်/ဆက်)