ကျိုင်းတောင်း အောက်တိုဘာ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါအတည်ပြု လူနာ(၅)ဦး ထပ်မံစစ်ဆေးတွေ့ရှိပြီး ကျန်းမာရေးကောင်းမွန်လာသဖြင့်(၁၃)ဦးထပ်မံ ဆေးရုံဆင်းခွင့်ရရှိ၍ စုစုပေါင်း ဆေးရုံဆင်းရ (၁၁၇) ထိရှိလာကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်း ကော်မတီထံမှ သိရသည်။
အဆိုပါ ပိုးတွေ့လူနာ(၅)ဦးသည် အမှတ်(၅)ရပ်ကွက်မှ ကျား(၃)ဦးနှင့် မ(၁)ဦး၊ အမှတ်(၆)ရပ်ကွက်မှ မ(၁)ဦးတို့တွင်နေထိုင်သူများဖြစ်ကြပြီး နေမကောင်းပါသဖြင့် ကျိုင်းတောင်းတိုက်နယ်ဆေးရုံသို့ သွား ရောက်ပြသရာ (RDT) Test Kit ဖြင့်စစ်ဆေးရာမှ ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံစစ်ဆေးတွေ့ရှိခြင်းဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီထံမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများကို ကျိုင်းတောင်းမြို့ မွေတော်မြို့နံဓမ္မာရုံ Positive Center သို့ပို့ဆောင်၍ ဆေးကုသမှုများဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့အထိ ကျိုင်းတောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ကျား(၇၈)ဦး၊ မ(၆၆)ဦး၊ စုစုပေါင်း(၁၄၄) ဦး ထိရှိလာကြောင်းနှင့်၊ ဆေးရုံမှဆင်းခွင့်ရရှိသူ (၁၁၇)ဦး၊ သေဆုံးသူ (၇)ဦး၊ ဆေးကုသမှုခံယူနေသူ (၂၀)ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီ၏ ထုတ်ပြန်ချက်အရသိရသည်။
သီဟ(ပြန်/ဆက်)