ဝါးခယ်မမြို့နယ်တွင်ပန်းခင်းစီမံချက်ဖြင့်‌အိမ်ထောင်စုလူဦးရေ စာရင်းနှင့်နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေးဆောင်ရွက်

ဝါးခယ်မ အောက်တိုဘာ ၅

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပြည်သူ့ဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနှင့် မြို့နယ်ဦးစီးမှူးဦး‌ကျော်စိုးဦးဆောင်၍ အဖွဲ့များခွဲကာ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ကသဲကုန်း‌ ကျေးရွာအုပ်စုနှင့် ဇုက္ကနိကျေးရွာအုပ်စုတို့အား အဆိုပါရုံးတွင်လည်းကောင်း၊ ဖိုးခမှီဒေါင့်ကျေးရွာအုပ်စုအား ကျေးရွာအရောက်ကွင်းဆင်း၍ လည်း‌ကောင်း ကိုဗစ်-၁၉စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ ပြီးလက်ကမ်းစာ‌စောင်များအခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင်မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနမ ှဝန်ထမ်းများက‌ ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် အသက် (၁၀)နှစ်ပြည့်(၂၇)ကတ်၊ အသက်(၁၈) နှစ်ပြည့်(၂၂)ကတ်၊ စုစုပေါင်း(၄၉) နှင့်ရွှေပြောင်း အိမ်ထောင်စုဦး‌ရေစာရင်း (၃၂)ခု‌ ဆောင်ရွက်ပေး နိုင်ခဲ့သည်။ ဝါးခယ်မမြို့နယ်အတွင်း အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦး‌ကျော်စိုးထံမှသိရသည်။

စောသန္တာဦး(ပြန်/ဆက်)