COVID - 19ရောဂါ ကာကွယ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြသူများ၊ လူမှုရေး အသင်းအဖွဲ့များအား ကျွေးမွေးစရိတ်နှင့် စက်သုံးဆီဖိုး ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပ

မန္တလေး      အောက်တိုဘာလ   ၅

COVID - 19ရောဂါ ကာကွယ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြသူများ၊ လူမှုရေးအသင်းအဖွဲ့များအား ကျွေးမွေးစရိတ်နှင့် စက်သုံးဆီဖိုး ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာလ ၄ရက်နေ့ ညနေပိုင်းက  ချမ်းအေးသာစံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မိုးအောင်က အဖွင့်အမှာစကား ပြောကြားပြီး ချမ်းအေးသာစံမြို့နယ်အတွင်းမှ COVID - 19 ကာကွယ်တားဆီးရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြသော လူမှုကူညီရေး အသင်းအဖွဲ့များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကျွေးမွေးစရိတ်နှင့် စက်သုံးဆီဖိုး ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ် ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ချမ်းအေးသာစံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မိုးအောင်၊ အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူးအေးလင်းထွန်း၊ ဦးဇော်ဖေနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း၊  ချမ်းအေးသာစံမြို့နယ် အတွင်းမှ COVID - 19 ကာကွယ်တားဆီးရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြသော လူမှုကူညီရေး အသင်းအဖွဲ့ ၁၉သင်းအတွက် ကျွေးမွေးစရိတ်နှင့် စက်သုံးဆီဖိုး ထောက်ပံ့ငွေ စုစုပေါင်း ၄၅၇သိန်းကျော် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိပ်ထားနိုင်