မင်းလှ၌ လမ်းသွားလမ်းလာပြည်သူများကို ကိုဗစ်ရောဂါပိုး ရှိ/မရှိ အခမဲ့စစ်ဆေး

မင်းလှ အောက်တိုဘာ ၅

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်၍  မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ပြန့်နှံ့မှု မရှိစေရန်အတွက် ယနေ့ နံနက် ၈ နာရီချိန်မှ ၁၁ နာရီအချိန်ထိ မြို့ဝင်/မြို့ထွက် နေရာများ၌ လမ်းသွားလမ်းလာ ပြည်သူများကို ကိုဗစ်ရောဂါပိုး ရှိ/ မရှိ အခမဲ့စစ်ဆေးပေးခဲ့သည်။

ကျန်းမာရေးဦးစီးဌာနက လမ်းသွားလမ်းလာပြည်သူများကို RDT Test kit ဖြင့် စစ်ဆေး‌ပေးခဲ့ရာ ထောက်ကြံကွင်း(အမ်)ကျေးရွာ ကိုဗစ်စစ် ဆေးရေးဂိတ်တွင် (၁၄၅) ဦးအနက် (၃) ဦးတွင်ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး၊ လမ်းမတော်အနောက် ကိုဗစ်စစ်ဆေးရေးဂိတ်တွင်(၁၅၀) ဦးအနက် (၁) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိခဲ့သူများကို မင်းလှလူမှုကယ်ဆယ်ရေး အသင်းမှ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

အဆိုပါ ကိုဗစ်ရောဂါပိုး ရှိ/မရှိ အခမဲ့စစ်ဆေးပေးခြင်း (၅) ကြိမ်မြောက်ကို မြို့နယ်ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စာရေးဝန်ထမ်းများတို့ ပူပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါက်စ