တောင်တွင်းကြီး အောက်တိုဘာ ၅
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ တစည Posite Centre တွင် ကူညီဆောင်ရွက်ပေးသည့် စေတနာဝန်ထမ်းပရဟိတအဖွဲ့ Volunteer များအား ဂုဏ်ပြုပွဲကို ယမန်နေ့ ညနေ ၄ နာရီခွဲက တစည Positive Centre အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး သက်ခိုင်ထွန်းနှင့် မြို့နယ်ဆရာဝန်ကြီး ဦးသောင်းဒန်ဦးတို့က အမှာစကား အသီးသီးပြောကြားခဲ့ပြီး တစည Positive Centreတွင် ကူညီဆောင်ရွက် ပေးသည့် ပရဟိတအဖွဲ့ Volunteer များအား၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များဌာနဆိုင်ရာ တာဝန်ရှိသူများမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ရာ ပရဟိတအဖွဲ့များ ကိုယ်စား ဦးဆန်းထွန်းဦးက ကျေးဇူးတင် ဝမ်းမြောက် စကားများ ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)