မန်ကန်မြို့ရှိ မြို့တွင်းရှိဘုန်းတော်ကြီးကျောင်း၌ ဌာနဆိုင်ရာများစုပေါင်း၍ ဆွမ်းဆန်စိမ်းနှင့် ဝတ္ထုများ ဆက်ကပ်လှူဒါန်း

မန်ကန်မြို့ အောက်တိုဘာ ၅

မန်ကန်မြို့ရှိ ဘုန်းတော်ကြီးကျောင်းများအား ဌာနဆိုင်ရာများ စုပေါင်း၍ ဆွမ်းဆန်စိမ်း၊ ခရမ်းချဉ်သီး၊ ကြက်ဥ၊ အားလူး၊ ကြက်သွန်နီနှင့် ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့ မြို့ဦးကျောင်း၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆက်ကပ်လှူဒါန်းရာတွင် ဌာနဆိုင်ရာများစုပေါင်း၍  လူသူအရောက်နည်းသော ဘုန်းတော်ကြီးကျောင်းနှင့် မြို့တွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်စိမ်းနှင့် ဝတ္ထုများကို ဝါတွင်းကာလ (၃) ဌာန၊ တစ်ကျောင်းဖြင့် ဆွမ်းများအဆင်ပြေစေရန် အတွက် သွားရောက်လှူဒါန်း လျက်ရှိကြောင်း သိရသည်။

မန်ကန် (ပြန်/ဆက်)