သပိတ်ကျင်း အောက်တိုဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ တောင်သူများအား ၂၀၂၀ ပြည့်နှစ် မိုးဘဏ်ချေးငွေ ထုတ်ပေးထားသည့် ထုတ်ချေးငွေပြန်လည်ပေးဆပ်ရက်နှင့် ငွေထုတ်ချေးကာလအား ပြင်ဆင်သတ်မှတ်ထားကြောင်း မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဦးဇော်မျိုးသန့်၏ ပြောပြချက်အရသိရသည်။
မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေဘဏ်ခွဲမှ တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေး ပေးလျက်ရှိရာ ၂၀၂၀ ပြည့်နှစ် မိုးဘဏ်ချေးငွေကို ၂၀၂၁ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် ပေးဆပ်ရန် သတ် မှတ်ထားရာမှ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ပြန်လည်ပေးဆပ်ရန်၊ ကိုဗစ်-၁၉ အထူးချေးငွေပေးဆပ်ကာလ သတ်မှတ်ချက်ကိုလည်း ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်နေ့တွင် ပေးဆပ်ရန်သတ်မှတ်ထားရာမှ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် ပြန်လည်ပေးဆပ်ရန် ပြန်လည်ပြင်ဆင်ထားပြီး ၂၀၂၁ ခုနှစ် မိုးဘဏ်ချေးငွေထုတ်ပေးခြင်း ကာလသတ်မှတ်ချက်ကိုလည်း ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့အထိ နောက်ဆုံးထုတ်ချေးပေးရန် သတ်မှတ်ချက်အား အောက်တိုဘာ ၃၁ ရက်နေ့တွင် ထုတ်ချေးကာလ နောက်ဆုံးထား ထုတ်ချေးကာလ ပြင်ဆင်သတ်မှတ်ထားကြောင်း သိရသည်။
မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ပြင်ဆင်သတ်မှတ်ထားသည့် ကာလအတွင်း ၂၀၂၀ ခုနှစ် မိုးချေးငွေနှင့် ကိုဗစ်-၁၉ အထူးချေးငွေများကို ဒဏ်တိုးကင်းလွတ်ခွင့်ပြုပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ စ၍ ဒဏ်တိုးကျသင့်ငွေ ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။
စိုးနိုင်ဝင်း