မိုင်းငေါ့မြို့ လူထူအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းဆောင်ရွက်

မိုင်းငေါ့ အောက်တိုဘာ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်းမ၌ ယနေ့နံနက် ၁၀ နာရီ အချိန်ခန့်က အဆိုပါ ရုံးရှိဝန် ထမ်း များဖြင့် စာရေးဆရာအောင်သင်း၏ အတွေ့အကြုံနှင့်အတွေးအကြံစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကိုပြု လုပ်ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က စာဖတ်ဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ရခြင်းကြောင့် စာပေ ဖတ်ရှုသည့် အလေ့အကျင့် ကောင်းများ ရရှိရန်၊ စာပေအကြောင်းအရာများကို အပြန်အလှန်နှီးနှော ဖလှယ်နိုင်စေရန်၊ စာပေ ဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတများ  တိုးပွားလာစေရန် စသည့် ရည်ရွယ်ချက် များဖြင့် စာဖတ်ဝိုင်းကို ဆောင်ရွက် ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဒေါ်မို့မို့ (စာ/ထောက် -၃-) က အတွေးအမြင်သဘောထားကြီးရင့်မှု ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒေါ်ခိုင်နှင်းဆီ(အငယ်တန်းစာရေး) က စာကြည့်သင်းယဉ်ကျေးမှုသို့ ခေါင်းစဉ်ဖြင့် လည်းကောင်း အပြန် အလှန်ဆွေးနွေးခဲ့ကြပြီး စာဖတ်ဝိုင်းကို တစ်လလျှင်(၁)ကြိမ် လစဉ်ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)