မိုင်းလုံမြို့တွင် သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံများပျက်စီးထိခိုက်မှုအပေါ် အရေးပေါ်ရန်ပုံငွေ ထောက်ပံ့ပေးအပ်

မိုင်းလုံ အောက်တိုဘာ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံများပျက်စီးထိခိုက်မှုအပေါ် အရေးပေါ်ရန်ပုံငွေ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် (၁ဝ) အချိန်ခန့်က မိုင်းလုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ပေးအပ်ရာတွင် မိုင်းလုံမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးသောင်းထွဋ်လင်း၊ စိုက်ပျိုးရေးဌာန ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက တောင်သူများကို တစ်ဧက(၁၁၂၅၀/-) ကျပ် နှုန်းဖြင့် ထောက်ပံ့ပေးအပ်ရာ  မိုးစပါးပျက်စီးဧက   (၁၄.၆၆)ဧကအတွက် (၁၆၄၉၂၅/-)ကျပ် ကိုပေးအပ်ပြီး မိုင်းလုံမြို့တွင် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးသည့် လယ်ပိုင်ရှင်များ (၂၆)ဦးရှိကြောင်းသိရသည်။

အဆိုပါပေးအပ်ပွဲသို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်  သဘာဝဘေးကြောင့် ထိခိုက် ပျက်စီးခဲ့သော လယ်ပိုင်ရှင် တောင်သူများက တက်ရောက်ပြီး ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွန်ချက်နှင့်အညီ ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

ဇော်ဇော်(ပြန်/ဆက်)