ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေး

ကလေး  အောက်တိုဘာ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ ကိုဗစ်-၁၉ ရောဂါ ထိရောက်စွာ ကာကွယ်တားဆီးနိုင်ရေးနှင့် ကာကွယ်ဆေးများထိုးနှံပေးနိုင်ရေးအတွက် သက်ဆိုင်ရာ နယ်မြေ၊ ရပ်ကွက်များအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုနှံပေးရာ ဦးတည်အုပ်စုများတွင် အသက် ၅၅ နှစ်နှင့်အထက်ရှိသူများ၊ မသန်စွမ်းသူများ၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများကို ယနေ့နံနက် နာရီမှ ၁၂ နာရီအချိန်အထိ ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာစုရပ်နေရာအသီးသီးသို့ ဒေသကွက်ကဲရေးစစ်ဌာနချုပ် (ကလေး) မှ ဗိုလ်မှူးချုပ် သန့်စင်ဦး၊ ကလေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှစိုး၊ ခရိုင်ပြည့်သူ့ကျန်းမာရေးမှ ဒေါက်တာဝင်းချိုချိုအောင် နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး ကာကွယ်ဆေးထိုးရန် လာရောက်သူများအား စာရင်းသွင်းမှတ်တမ်းယူခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာတွင် စနစ်တကျ နေရာယူစေခြင်းများနှင့် လိုအပ်သည်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊   ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများ၊ လူမှုကူညီရေးအသင်းတို့မှ ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံပေးရာ သတ်မှတ်စုရပ်နေရာဖြစ်သည့် မြို့နယ် စုပေါင်းရုံတွင် အောင်မြေမာန်ရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ အောင်သစ္စာရပ်ကွက်၊ အောင်ဇေယျရပ်ကွက်နှင့် အောင်မတ္တာရပ်ကွက်၊ ညောင်ပင်သာရပ်ကွက်၊ မြို့သာရပ်ကွက်နှင့် မင်္ဂလာဥယျာဉ်ရပ်ကွက်တို့ကိုလည်းကောင်း၊ မြို့တော်ခန်းမစုရပ်တွင် ချမ်းမြေ့အောင်စည် ရပ်ကွက်၊ ပင်လုံရပ်ကွက်၊ တပ်ဦးသီတာရပ်ကွက်၊ သဇင်ရပ်ကွက်နှင့် စမ်းမြို့ရပ်ကွက်၊ တာဟန်းရပ်ကွက်၊ တောင်ဖီလာရပ်ကွက်၊ လှိုင်သာယာရပ်ကွက်၊ တောင်ဇလပ်ရပ်ကွက်၊ ကြို့သုံးပင်ရပ်ကွက်၊ မြို့လှရပ်ကွက်နှင့် အင်ဒိုင်းကုန်းရပ်ကွက်တို့တွင်နေထိုင်သူများသည် သက်ဆိုင်ရာရပ်ကွက် စုရပ်များတွင် မှတ်ပုံတင် (သို့မဟုတ်) အိမ်ထောင်စုစာရင်းအားယူဆောင်၍ စာရင်းပေးသွင်းပြီး ကာကွယ်ဆေးများ ထိုးနှံနိုင်ကြောင်း ကိုဗစ်-၁၉ ရောဂါ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။  

မောင်ကျော်