၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့ ကမ္ဘာ့ဆရာများနေ့မှ ဆရာကြီး တစ်ဦးရဲ့ ရင်တွင်းစကားသံ

ချောက် အောက်တိုဘာ ၅

မေး ။ ဆရာကြီး မင်္ဂလာပါ၊ ဆရာကြီး ရဲ့နာမည်၊အသက်၊နေရပ်လိပ်စာကိုပြောပြပေးပါ ခင်ဗျာ

ဖြေ ။ ကျနော်နာမည်က ဆရာကြီးဦးမြင့်အောင်၊ နေရပ်က ချောက်မြို့ အမှတ်(၄) လွတ်လပ်ရေးရပ်ကွက် ချယ်မဏီကုန်းရပ်၊အသက်ကတော့ ၈၉ နှစ်ရှိပါပြီ။

မေး။ ဆရာကြီး မြတ်ဆရာဂုဏ်ကို ပြောပြပေးပါ ခင်ဗျာ

ဖြေ။ မြတ်ဆရာဂုဏ်ဆိုတာ အန္တငါးပါးဝင်ဂုဏ်ကြီးသူတွေပါ၊ ကမ္ဘာပေါ်မှာဘယ်နိူင်ငံမှမရှိတဲ့ မြတ်ဆရာပူ  ဇော်ကန်တော့ပွဲတွေဟာ မြန်မာနိူင်ငံမှာ ကျောင်းတွေ၊ အစိုးရဌာန အသီးသီးမှာဖြစ်စေ၊ ခြိမ့်ခြိမ့်သဲကျင်းပနေတာ ဂုဏ်ယူဖွယ်ဖြစ်ပါတယ် ဒီတော့ ဆရာဟူက ဂုဏ်ကြီးစွဟုမှတ်ကြပါ။ သုခီ အတ္တာနံ  ပရိ အရန္တု။ မိမိကိုယ်ကို ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာအောင် ကောင်းစွာ ဆောင်ရွက်နိုင်ကြပါစေလို့ ဆုပေးပြီးပြောလိုပါတယ်။

မေး။ ဆရာကြီးအနေနဲ့ ယနေ့သင်ကြားတဲ့ ဆရာ၊ ဆရာမတွေကို လက်ဆင့်ကမ်းစကား ပြောပြပေးစေ ချင်ပါတယ်ခင်ဗျာ

ဖြေ။ ဆရာ၊ ဆရာမတွေအားလုံးဟာ မိမိတတ်တဲ့ပညာကို မချွန်းမချန်တပည့်တွေကို ထိထိမိမိ သိအောင် သင်ကြားပေးကြပါလို့ ပြောလိုပါတယ်။

မေး။ ကမ္ဘာ့ဆရာများနေ့နဲ့ ပတ်သက်ပြီး ဆရာကြီးအနေနဲ့ အမှတ်တရများရှိရင် ပြောပြပေးပါ ခင်ဗျာ

ဖြေ။ ကျနော်အနေနဲ့ ၁၉၉၂ ခုနှစ်က ပင်စင်ယူတော့ ဒီကြားထဲမှာကမ္ဘာ့ဆရာများနေ့မှာ တိုတိုနဲ့လိုရင်းကိုပဲ ဆရာဂုဏ်တွေ၊ လက်ရှိဆရာ၊ ဆရာမတွေ ကြိုးစားသင်ပေးဖို့၊ တပည့်တွေကလည်း ကြိုးစားသင်ယူကြဖို့ အမြဲတမ်းလိုလိုပြောဖြစ်ပါတယ်။

မေး။ ခုလိုဖြေကြားပေးတဲ့အတွက် ဆရာကြီးကို အထူးကျေးဇူးတင်ပါတယ် ခင်ဗျာ

ဖြေ။ ဟုတ်ကဲ့ ကျနော်ကလည်းကမ္ဘာ့ဆရာများနေ့မှာအင်တာဗျူးဖြေခွင့်ရတဲ့အတွက် ကျေးဇူးတင် ဝမ်းမြောက် မိပါတယ်။

တွေ့ဆုံမေးမြန်း  -ကျော်မိုး(ပြန်/ဆက်)