မိုင်းငေါ့မြို့အတွင်းရှိ အသက် (၁၈) နှစ်အထက် ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) အမျိုးအစား ဆက်လက်ထိုးနှံပေး

မိုင်းငေါ့ အောက်တိုဘာ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm အမျိုးအစားကို ဆက်လက်ထိုးနှံပေးခဲ့‌ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မိုင်းငေါ့မြို့ အတွင်းရှိ အသက် (၁၈)နှစ်နှင့်အထက် ကျား (၁၄)ဦး ၊မ (၁၆)ဦး စုစုပေါင်း(၃၀)ဦးတို့အား တာလုံရပ်ကွက် အ.မ.က ကျောင်း၌  တိုက်နယ် ကျန်းမာရေးဌာနမှ  ဆရာမ ဒေါ်နန်းခင်မျိုးဦးနှင့်အဖွဲ့က ကိုဗစ်--၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးခဲ့သည်။

ကာကွယ်ဆေးမထိုးနှံမီ အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်းများ စစ်ဆေးပြီးမှ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးပြီးပါကလည်း နာရီဝက်ခန့် စောင့်ကြည့်ပေးမှာဖြစ်ကြောင်း တိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရ သိရသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)