မြဝတီမြို့၌ (၄)နှစ်ပြည့် ညွန့်ပေါင်း Old Star အထိမ်းအမှတ်  ၁၉ နှစ်အောက်ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ

မြဝတီ အောက်တိုဘာ ၆

ကရင်ပြည်နယ်၊မြဝတီမြို့တွင် (၄)နှစ်ပြည့် ညွန့်ပေါင်း Old Star အထိမ်းအမှတ်  အသက်၁၉နှစ် အောက်ဖူ ဆယ်ဘောလုံးပြိုင်ပွဲကျင်းပခြင်းကို အာရှလမ်းမကြီးရှိ ဖူးဆယ်စတားကွင်းတွင် ယနေ့ နံနက်(၈) နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

 အဆိုပါအခမ်းအနားတွင် မြဝတီခရိုင် ဒုတိယအုပ်ချုပ်ရေးမှူးဦးအောင်ချမ်းငြိမ်းက တက်ရောက်ပြီး အဖွင့် အမှား စကားပြောကြားခဲ့သည်။

ထို့နောက် ပြိုင်ပွဲဝင်အသင်းများက နိုင်ငံတော်အလံအလေးပြုခြင်းနှင့်အားကစား သစ္စာအဓိဌာန်(၄) ချက်တို့ကို ရွတ်ဆိုဆောင်ရွက်ခဲ့ပြီး တာဝန်ရှိသူများမှ ကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။

အဆိုပါ ၁၉ နှစ်အောက်ဖူဆယ်ဘောလုံးပြိုင်ပွဲကို အောက်တိုဘာလ ၆ ရက်နေ့မှ  ၁၄ ရက်နေ့အထိ ကျင်းပ သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း(၁၀)သင်းဖြင့်  ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)