သာယာဝတီ အောက်တိုဘာ ၆
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင် ဦးစီးမှူးရုံးမှ ဒေါ်ဝင်းဝင်းမာနှင့် ဝန်ထမ်း များသည် ယမန်နေ့ ညနေ ၃ နာရီက စံရွေးကျေးရွာအုပ်စု၊ စံရွေးကျေးရွာ၌ မြစ်မခမြစ်ရေတိုက်စားပြီး ကမ်းပြိုကျမှုကြောင့် သာယာဝတီမြို့နယ်၊ စံရွေးကျေးရွာအုပ်စု၊ စံရွေးကျေးရွာတွင် အောက်တိုဘာလ (၁)ရက်နေ့တွင် ပြိုလဲပျက်စီးနေအိမ် (၃)လုံး၊ လူဦးရေ(၁၀)ဦးအတွက် အိမ်ထောင်စုတစ်စုလျှင် တစ်သိန်းကျပ် နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုး(၃)သိန်းကျပ်၊ ဆန်ရိက္ခာထောက်ပံငွေ(၂၁၀၀၀)ကျပ်၊ စုစုပေါင်း(၃၂၁၀၀၀)ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၆)မျိုးပါ (၃)အိမ်ထောင်စာတို့အား စံရွေးကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သာယာဝတီခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမူဦးစီး ဌာနမှ သိရသည်။
သန့်ဇော်(သာယာဝတီ)