နတ်တလင်း အောက်တိုဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်နှံ့မှုမရှိစေရန်အတွက် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိ အခမဲ့စစ်ဆေးပေးခဲ့ ကြောင်း သိရသည်။
ကိုဗစ်ရောဂါပိုးရှိ/မရှိ အခမဲ့စစ်ဆေးပေးခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်း များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စာရေးဝန်ထမ်းများတို့ ပူးပေါင်း၍ အနံ့မရသူ(၁)ဦး၊ ဇီးကုန်းလေးရပ်ကွက်မှ (၁ဝဝ)ဦးနှင့် အခြားမြို့နယ်မှ ပိုးတွေ့၍ ပြန်လည်လွှဲပြောင်းပေးသူ (၁)ဦး စုစုပေါင်း(၁၀၂)ဦးကို RDT Test kit ဖြင့် စစ်ဆေးပေးခဲ့သည်။
အဆိုပါ စစ်ဆေးရာတွင် (၂) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိခဲ့သူများကို နတ်တလင်း အ.ထ.က ကျောင်းတွင်(၁)ဦး၊ ချဉ်ယုတ်ကွင်းဆေးရုံတွင် (၁)ဦးထားရှိပြီး Positive လူနာများနှင့် ထိတွေ့ခဲ့သူများအား CBFQ တွင် ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။
နတ်တလင်းမြို့နယ်တွင် ယမန်နေ့ ညနေ (၆)နာရီအချိန်ထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ စုစုပေါင်း (၁၇၂၀) ဦးအနက် ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူ (၁၆၃၈) ဦးထိရှိပြီး သေဆုံးသူ (၅၃) ဦးရှိပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)