မဟာအောင်မြေ အောက်တိုဘာ ၆
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို သတ်မှတ်စုရပ်များအလိုက် ကာကွယ် ဆေးများ ထိုးနှံပေးလျက်ရှိရာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးလာရောက် ထိုးနှံသူများ၏ ရင်တွင်းစကားသံများကို အောက်ပါအတိုင်း ဖော်ပြလိုက်ရပါသည်-
ဒေါ်စန္ဒာညွှန့်၊ မဟာမြိုင် ၂ ရပ်ကွက်၊
ကျွန်မကတော့ ဒေါ်စန္ဒာညွန့်ဖြစ်ပါတယ်။ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် ၂ ရပ်ကွက်မှာ နေပါတယ်၊၊ ကိုဗစ်-၁၉ဆိုတဲ့ရောဂါကြီးကို ကြောက်တဲ့အတွက် ဆေးထိုးချင်နေတာကြာ ပါပြီခုလိုဆေးထိုးခွင့်ရတဲ့အတွက်အရမ်းဝမ်းသာတယ်၊၊ ဆေးထိုးရတဲ့အတွက် ကိုဗစ်ရောဂါ ဆိုးကြီးကို တဝက်ကာကွယ်နိုင်ပြီလို့ ယုံကြည်သွားတယ်၊၊ ဆေးမထိုးရသေးတဲ့သူများ ကိုလည်း ဆေးထိုးစေချင်ပါတယ်။
ဦးသန်းထွန်း၊ မဟာမြိုင် ၁ ရပ်ကွက်
ကျွန်တော်ကတော့ ဦးသန်းထွန်းပါမဟာမြိုင် ၁ ရပ်ကွက်မှာနေပါတယ်။ ကိုဗစ်ကာကွယ် ဆေးထိုးချင်နေတာကြာပါပြီ။ ပထမတစ်ခေါက်ကကောလဟာလတွေကြောင့် မထိုးဖြစ်ခဲ့ဘူး၊၊ခုတခေါက်တော့ထိုးတဲ့သူတွေကလည်းများတယ်ကိုဗစ်ကူးစက်ခံရရင်တောင်ဆေးထိုးထားတဲ့သူတွေကခံနိုင်ရည်ရှိတယ်ဆိုတဲ့အကြောင်းတွေကြားရတော့ဆေးကိုထိုးဖြစ်ခဲ့တာပါ၊၊အားလုံးကိုလည်း ကိုဗစ်ကာကွယ်ဆေးထိုး စေချင်ပါတယ်။ တာဝန်ရှိသူများကလည်း ဆေးထိုးတဲ့နေရာမှာအခက်အခဲမရှိစေရန်ကူညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။
ဒေါ်ဝင်းမာ၊ ရဲမွန်တောင်ရပ်ကွက်ကျွန်မကတော့ ဒေါ်ဝင်းမာဖြစ်ပါတယ် မနော်ရမ္မံအခွန် လွတ်ဈေးမှာဈေးရောင်းပါတယ်။ဈေးရောင်းရတော့လူပေါင်းစုံနဲ့နေ့စဉ်ထိတွေ့နေရတဲ့အတွက်ယခုလိုကိုဗစ်ကာကွယ်ဆေးကိုနိုင်ငံတော်ကကျယ်ကျယ်ပြန့်ပြန့်ထိုးပေးတဲ့အတွက်အရမ်းဝမ်းသာတယ် ။အဒေါ်တို့လိုလူတန်းစားတွေအနေနဲ့ဆိုအပြင်မှာလည်း ဒီဆေးကိုဝယ်မထိုး နိုင်ပါဘူး။ ဆေးထိုးဖြစ်ဖို့နိုးဆော်ပေးတဲ့သူတွေရော ဆေးထိုးတဲ့နေရာမှာကူညီဆောင်ရွက် ပေးတဲ့သူတွေကိုလည်းကျေးဇူးတင်ပါတယ်။ ကိုဗစ်ကာကွယ်ဆေးမထိုးဖြစ်သေးတဲ့သူများ လည်းထိုးကြပါလို့ပြောချင်ပါတယ်။
မခင်နှင်းဆီ