မအူပင် အောက်တိုဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ ပြန်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနခရိုင်ရုံး Community Centreတွင် မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ရေး အသိပညာပေး (Talk Show) ကို ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်ကပြုလုပ်ခဲ့သည်။
အသိပညာပေး အစီအစဉ်တွင် ခရိုင်ပြန်ဆက်ဦးစီးဌာနမှူး ဒေါ်တင်သူဇာလှိုင်က Talk Show ပြုလုပ်ရခြင်းကို ပြောကြားပြီး ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ မအူပင်ခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ဝင်းဝင်းအေးက လူမှုဝန်ထမ်းဦးစီးဌာန၏ ရည်ရွယ်ချက်၊ မသန်စွမ်းသူများနှင့် ပတ်သက်၍ ပြုစုစောင့်ရှောက်ရေးလုပ်ငန်း၏ ရည်ရွယ်ချက်၊ ဥပဒေ၊ နည်းဥပဒေများ၊ သင်တန်းကျောင်းများ ဖွင့်လှစ် ဆောင်ရွက်ခြင်း၊ မသန်စွမ်းအမျိုးအစား(၄)မျိုး အကြောင်းသိကောင်းစရာများ၊ မသန်စွမ်းကလေးများ ပြုစုစောင့်ရှောက်ရေး ဂေဟာဖွင့်လှစ်ထားရှိမှု၊ သင်တန်းအခြေပြုသင်ကြားဆောင်ရွက်ပေးမှုများအား အသိပညာပေးပြောကြားခဲ့ပြီး၊ ခရိုင်အတွင်းရှိ မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ရေးနှင့်ပတ်သက်၍ လိုအပ်ပါကလူမှုဝန်ထမ်း ဦးစီးဌာန၊ မအူပင်ခရိုင်လူမှုဝန်ထမ်းရုံးနှင့် ဆက်သွယ်ဆောင်ရွက်သွားစေလိုကြောင်း အသိပညာ ပေးပြောကြားခဲ့ကြောင်း သိရသည်။
ဒေါ်တင်သူဇာလှိုင်