ဝါးခယ်မမြို့နယ်တွင် အသက်(၅၅) အထက်ပြည်သူ(၁၂၁၂)ဦးအား ဒုတိယအသုတ်၊ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ဝါးခယ်မ   အောက်တိုဘာ   ၇

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် အသက်(၅၅) အထက်ပြည်သူ များအား ဒုတိယအသုတ်၊ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့က ဝါးခယ်မ၊ ကျုံမငေး၊ ရွှေလောင်း၊ ငှက်ပျောချောင်းနေရာ()နေရာခွဲ၍ ထိုးနှံပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို မြောင်းမြခရိုင် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များက ကျန်းမာရေးဝန်ထမ်းများ၊ ကာကွယ်ဆေးထိုးနှံရာတွင် လာရောက်ကူညီကြသည့် အသင်းအဖွဲ့များနှင့် ကာကွယ် ဆေးလာရောက်ထိုးနှံသည့် ပြည်သူများကို အားပေးစကားပြောကြားခဲ့ကြပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှဝန်ထမ်းများက တရုတ်နိုင်ငံထုတ် Sinophram အမျိုးအစား ကာကွယ်ဆေးကို(၅၅) အထက်ပြည်သူ (၁၂၁၂) ဦးအားထိုးနှံပေးခဲ့ကြောင်းသိရသည်။

စောသန္တာဦး(ဝါးခယ်မပြန်/ဆက်)