မချမ်းဘော့ အောက်တိုဘာ ၇
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ အသက်၈၅နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား ငွေသားနှင့် အာဟာရစားသောက်ဖွယ်ပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်းကို မချမ်းဘော့မြို့နယ်၊ နမ်ခမ်ကျေးရွာတွင် ယမန်နေ့ နေ့လည် ၁နာရီခန့်က ထောက်ပံ့လှူဒါန်းခဲ့ ကြောင်းသိရသည်။
အဆိုပါ ထောက်ပံ့လှူဒါန်းရာတွင် မချမ်းဘော့မြို့နယ်၊ နမ်ခမ်ကျေးရွာရှိ အသက်၈၅နှစ်နှင့် အထက်အဘိုး အဘွား(၆)ဦးအား မချမ်းဘော့မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခိုင်ယုယုကျော်နှင့်အဖွဲ့၀င်များမှ ငွေသား ၁၅၀၀၀ကျပ်စီနှင့် အာဟာရကွေကာတစ်ထုပ်စီကို ထောက်ပံ့လှူဒါန်းခဲ့သည်။ ထို့နောက် အသက်၈၇နှစ်(ခန့်မှန်း) ရှိမျက်မမြင်အဘွား ဒေါ်အကူးခူရ်အား မချမ်းဘော့မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေယံမင်းသွင်နှင့် ဇနီးဒေါ်ခိုင်ယုယု ကျော်မှ ငွေသားထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)