ရန်ကုန် အောက်တိုဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က သင်္ဘော ကျင်းရပ်ကွက်ရှိ ဓမ္မာရုံတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဆောင်ရွက်ရာတွင် လက်ရှိဇာတိ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေ စာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက် ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများ မူလဒေသတွင် အိမ်ထောင်စုလူဦးရေ စာရင်းရှိ သော်လည်း လက်ရှိ ဒေသတွင် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်း နေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင် လက်မှတ်မရှိ၊ လက်ရှိဒေသတွင်လည်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိ သူများအား ဆောင်ရွက်ပေးခြင်း၊ နည်းလမ်းများဖြင့် (၁၆ နှစ်မှ ၁၈ နှစ်ထိ)နှင့် (၁၈ နှစ်အထက်) ရှိသူ များအား နိုင်ငံသားစိစစ်ရေး ကတ်ပြား ဆောင်ရွက်ပေးလျက်ရှိသည်။
ယခုလို ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ရပ်ကွက်များ အလှည့်ကျ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက် ပေးခြင်းကို ယခုနှစ် မေလ ၃ ရက်နေ့မှ စတင်ကာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်အထိ ဥပဒေနှင့် အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခင်မာဝေ (ပြန်/ဆက်)