တပ်ကုန်း အောက်တိုဘာ ၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများသို့ နေပြည်တော်ကောင်စီမှ ထောက်ပံ့သည့် ဆွမ်းဆန်တော်များ လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲက ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါလှူဒါန်းရာတွင် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၂၂)ကျောင်းနှင့်သီလရှင် ကျောင်း(၃)ကျောင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူစိုးနှင့်အဖွဲ့ဝင်များ သွားရောက်၍ ဆွမ်းဆန်အိတ် (၄၆)အိတ်နှင့်(၂၀)ပြည်၊ ဆီ(၁၄၉.၅၀)ပိဿာ၊ ဆား(၇၄.၇၅) ပိဿာ နှင့်ကုလားပဲ(၇၄.၇၅)ပိဿာတို့အား လှူဒါန်းခဲ့ပြီး မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားခံခဲ့ရသည့် ဘုန်းတော်ကြီးကျောင်း(၈)ကျောင်းကိုလည်း ဆွမ်းဆန်အိတ်(၄၀)အိတ်အား ဆက်လက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်