ဘိုကလေးမြို့နယ်တွင် ပန်းခင်းစီမံချက် ဆိုင်းဘုတ်စိုက်ထူကာ အသိပညာပေးလက်ကမ်းစာစောင်များဝေငှ

ဘိုကလေး    အောက်တိုဘာ    

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အား ဦးစီးဌာနမှလူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကဒ်ကိုင်ကြစို့ဟူသည့် ဆောင်ပုဒ်နှင့်အညီ အကြောင်းအမျိုးကြောင့် အိမ်ထောင်စု လူဦးရေစာရင်းမရှိသည့် အိမ်ထောင်စုများနှင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားမရှိသေးသည့် အသက်(၁၆)နှစ်နှင့် အထက်ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ဥပဒေအရ ထုတ်ဝေပေးနိုင်ရေးဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ()နာရီတွင် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးသိန်းဇော်နှင့်အဖွဲ့၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးထွန်းထွန်းနိုင်နှင့် အဖွဲ့တို့ပူးပေါင်းကာ မြို့လယ်ဆွမ်းလောင်းဓမ္မာရုံ အနီး၌ ပန်းခင်းစီမံချက်ဆိုင်းဘုတ်စိုက်ထူခြင်း၊ သွားလာလှုပ်ရှားကြသည့် မိဘပြည်သူများအား ပန်းခင်းစီမံချက် နှင့်ပတ်သတ်၍ သိမှတ်ဖွယ်ရာအသိပညာရေး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့သည်။

နိုင်ငံသားတစ်ဦးအနေဖြင့် နိုင်ငံသားမှတ်ပုံတင်ကဒ်ရှိခြင်းဖြင့် မိမိတို့၏ လူမှုရေး၊ အလုပ်အကိုင် ရရှိရေး၊ သွားလာရေး၊ ပညာရေးစသည့် အဘက်ဘက်မှ လူမှုစီးပွားဘဝများအား မြှင့်တင်နိုင်မည် ဖြစ်သဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနအနေဖြင့် ပန်းခင်းစီမံချက်အရ မိဘပြည်သူ များအားအိမ်ထောင်စုစာရင်းများနှင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ထုတ်ဝေပေးနိုင်ရေး ရုံးပိတ်ရက်မရှိနေ့စဉ် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ကွင်းဆင်းအဖွဲ့များခွဲ၍ ကျေးရွာများအရောက် လိုက်လံကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိုးစက် (ဘိုကလေး)