မြဝတီမြို့၌ အသက် ၉၀ နှစ်နှင့်အထက် သက်ကြီးရွယ်အိုဘိုးဘွားများအား ထောက်ပံ့ပေးအပ်

မြဝတီ အောက်တိုဘာ ၇

ကရင်ပြည်နယ်၊ မြဝတီမြို့၌ အသက်(၉၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား  ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ပစ္စည်းများ‌ထောက်ပံ့လှူဒါန်းခြင်းကို  မြဝတီမြို့ရှိ ရပ်ကွက်များ၌ ယနေ့နံနက် ၁၀ နာရီခန့်က ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါထောက်ပံ့ပေးအပ်ရာတွင် မြဝတီမြို့ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်နှင့် အမှတ်(၅) ရပ်ကွက်တို့တွင် ရှိသည့် အသက်၉၀နှစ်နှင့်အထက်အဘိုးအဘွား(၁၀)ဦးအား မြဝတီခရိုင်အမျိုး သမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်ခင်သီတာ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်ဖြူဖြူထွန်းနှင့် အဖွဲ့၀င်များမှ သက်ကြီးဘိုးဘွား တစ်ဦးကို ထောက်ပံ့ငွေ၁၀၀၀၀ကျပ်နှုန်းဖြင့် ထောက်ပံ့ပေးသည့် အပြင်  စားသောက်ဖွယ်ပစ္စည်းများဖြစ်သည့်  မားမားထုပ်၊ ကြက်ဥနှင့် Ensure တို့ကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မန်းသန်းရွှေမြင့် (ပြန်/ဆက်)