ခန္တီး အောက်တိုဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့နယ်၊ အောင်သာယာရပ်တွင် ရွက်ဖြန်းမြေဩဇာနှင့် သဘာဝ ပိုးပြေး ဆေးလက်တွေ့ အသုံးချခြင်း သရုပ်ပြပွဲကို ယနေ့နံနက် (၉)နာရီအချိန်ကကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ခရိုင်/မြို့နယ် ဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ခန္တီးခရိုင် ဦးစီးမှူး ဦးနိုင်မော်လွင်မှ တက်ရောက်လာသော တောင်သူများအား ရွက်ဖြန်းမြေဩဇာ နှင့် သဘာဝပိုးပြေးဆေးများအား ကျယ်ကျယ်ပြန့်ပြန့်လက်တွေ့အသုံးချ။ အသုံးပြုကြရန် အမှာစကား ပြောကြား သည်။ ထို့နောက် ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဦးကျော်စိုးက သဘာဝပိုးပြေးဆေးပြုလုပ် သုံးစွဲနည်း များကို လည်းကောင်း၊ ခရိုင်မြေအသုံးချတာဝန်ခံ ဦးသိန်းထွန်းတင်က ရွက်ဖြန်းမြေဩဇာ အချိန်ကိုက် အချိုးကျသုံးစွဲခြင်း အကျိုးကျေးဇူးများကို လည်းကောင်း တက်ရောက်လာသော တောင်သူများအား အသီးသီး လက်တွေ့သရုပ်ပြ ဆောင်ရွက်ပြသကြသည်။
၎င်းနောက် တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူ များ ပူးပေါင်း၍ သဘာဝပိုးပြေးဆေးပြုလုပ်သုံစွဲနည်းများ ၊ ရွက်ဖြန်းမြေဩဇာ အချိန်ကိုက် အချိုးကျ သုံးစွဲနည်း များကို လက်တွေ့သရုပ်ပြပူးပေါင်းဆောက်ခဲ့ကြသည်။ “အခုအချိန် ဓါတုပိုးသတ်ဆေးတွေကကျွန်တော်တို့ဆီမှာ ဈေးအရမ်း ကြီးပါတယ်၊ ဓါတုပိုးသတ်ဆေးတွေ အစား တွေနှ့င့်သဘာဝပိုးပြေးဆေးပြုလုပ်သုံးစွဲခြင်းဖြင့်။ သီးနှံတွေမှာ ကျရောက်မယ့်။ ရောဂါပိုးမွှားများ ကိုလည်းကာကွယ်နိုင်မယ်၊ မိမိတို့တောင်သူတွေရော စားသုံး သူတွေပါ အန္တရာယ်ကင်းဘေးရှင်းစေတဲ့ အကျိုးကျေးဇူးတွေရရှိပါကြောင်း ဒေသခံတောင်သူတစ်ဦး ထံမှသိရ သည်။
ဇေယျာ(ပြန်/ဆက်)