ပင်လုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မှ မထိုးရသေးသည့် သံဃာတော်များအား ကာကွယ်ဆေးထိုးနှံပေး

ပင်လုံ အောက်တိုဘာ ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တစ်ကြိမ်မှ မထိုးနှံရသေးသည့် သံဃာတော်များ၊ သီလရှင်များအား (၇-၁၀-၂၀၂၁) ရက်နေ့ နံနက် (၉) နာရီခွဲအချိန်မှစတင်၍ ပင်လုံမြို့ ရှမ်းပြည်နယ်လုံးဆိုင်ရာ ပဠိကတ်ဘာသာပြန် ကျောင်းတိုက်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား ရှမ်းပြည်နယ်လုံးဆိုင်ရာ ပဠိကတ်ဘာသာပြန် ကျောင်းတိုက်ရှိ သံဃာတော်နှင့် သီလရှင်(၇၄) ပါး၊ ကပ္ပိယ(၁၁)ဉီးတို့က ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံကြကြောင်းနှင့် ကာကွယ်ဆေး ထိုးနှံရာနေရာသို့ ပင်လုံ မြို့အုပ်ချုပ်ရေးမှူး ဉီးမြင့်ဇော်နှင့်ဝန်ထမ်းများ၊ ပင်လုံမြို့ကျန်းမာရေးဝန်ထမ်းများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုကော်မတီအဖွဲ့ တို့ကလာရောက်ကူညီ ဆောင်ရွက် ပေးကြကြောင်း ပင်လုံမြို့အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ပင်လုံ ပြန်/ဆက်