တပ်ကုန်းမြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

တပ်ကုန်း အောက်တိုဘာ ၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ် တတိယရက်ထိုးနှံပေးခြင်း ကို ယနေ့နံနက် ၉ နာရီခွဲက  အောင်ဇေယျရပ်ကွက် အမှတ်(၁)အခြေခံ ပညာ အထက်တန်း ကျောင်းဝန်း၌ ကာကွယ်ဆေးထိုးစုရပ်တွင် ထိုးနှံပေးသည်။

ထိုကာကွယ်ဆေးထိုးနှံမှု ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသည့် ပြည်သူများအား သတ်မှတ်နေရာများ ပို့ဆောင်ပေးခြင်း၊ လိုအပ်သည့်ကူညီမှုများဆောင်ရွက် ပေးခြင်း၊ စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်းစသည်တို့ကို စနစ်တကျ ဆောင်ရွက်ပေးခြင်းနှင့် ပထမရက်တွင် လူဦးရေ(၉၉၈)ဦး၊ ဒုတိယရက်တွင် လူဦးရေ(၁၈၃၅)ဦး၊ စုစုပေါင်း (၂၈၃၃)ဦး လာရောက်ထိုးနှံကြောင်း သိရသည်။

တပ်ကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို အသက်(၁၈)နှစ်အထက် ဒေသခံ ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊   စေတနာ့ဝန်ထမ်းများ၊  မသန်စွမ်းသူများအား  ကျန်းမာ ရေးညွှန်ကြားချက်များနှင့်အညီ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆေးထိုးအဖွဲ့ နှင့် တပ်ကုန်း တပ်နယ် ဆေးအဖွဲ့တို့က ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်သူစိုးနှင့် တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက လိုအပ်သည်များကို ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်