မလှိုင် အောက်တိုဘာလ ၇
နယူးဇီလန်အစိုးရ၏ အထောက်အပံ့ဖြင့် မလှိုင်မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီဌာနနှင့် ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့ (OIE) တို့ပူးပေါင်း၍ အဌမအကြိမ်မြောက် ကျွဲ၊ နွားခွာနာ လျှာနာ ရောဂါ ကာကွယ်ဆေးများကို မလှိုင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၁၈)အုပ်စုသို့ အောက်တိုဘာ (၁)ရက်နေ့မှ စတင်၍ အခမဲ့ထိုးနှံပေးခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ ကျွဲ၊ နွား ခွာနာ၊ လျှာနာ ရောဂါကာကွယ်ဆေးအား မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အဖွဲ့(၁)ဖွဲ့လျှင် ဆေးထိုးကျွမ်းကျင်(၈)ဦး ဖွဲ့စည်းထားသော ဆေးထိုးအဖွဲ့(၂)ဖွဲ့၊ အင်အား(၁၆)ဦးတို့ဖြင့် ကျေးရွာအုပ်စု (၁၈)အုပ်စု၊ ကျေးရွာပေါင်း(၃၆)ရွာရှိ ပိုင်ရှင်(၂၀၄၇)ဦးတို့၏ ကျွဲ၊ နွား(၉၄၃၆) ကောင်တို့အား မြေပြင်ကွင်းဆင်း၍ ကာကွယ်ဆေးများ အခမဲ့ထိုးနှံလျက်ရှိရာ ယနေ့နံနက် ၆ နာရီအချိန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာတင်စိုးနိုင်တို့မှ သိမ်ကုန်းကျေးရွာ ရှိ ကျွဲ၊ နွား(၄၉၀)ကောင်၌ ကာကွယ်ဆေးထိုးနှံနေမှုအား လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ သည်။
ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းအား (၁.၁၀.၂၀၂၁) အောက်တိုဘာလ (၁) ရက်နေ့မှ (၁၀) ရက်နေ့အထိ ထိုးနှံပေးသွား မည်ဖြစ်သည်။ မလှိုင်မြို့နယ်တွင် ၂၀၁၇ ခုနှစ်စတင်၍ အခမဲ့ထိုးနှံပေးခဲ့ခြင်း ဖြစ်ပြီး ယခုအကြိမ် ထိုးနှံပေးခြင်းသည် အဌမအကြိမ်မြောက်ဖြစ်သည်။ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ မွေးမြူထားသော ကျွဲ၊ နွားများ သေကြေပျက်စီးခြင်းမှ ကင်းဝေးပြီး လူမှုဘဝဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန သိရှိရပါသည်။
အောင်ဌေး (မလှိုင်)