ဇေယျာသီရိ အောက်တိုဘာ ၇
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိမြို့နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်နေသော "ပန်းခင်း စီမံချက် ” အား ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေး မြေစိုက်နံရံကပ်ပြဘုတ် စိုက်ထူခြင်းကို အောက်တိုဘာလ ၇ ရက် နံနက် ၉ နာရီက အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန စုပေါင်းရုံးရှေ့နှင့် ရန်ကုန် - မန္တလေးလမ်းဟောင်း သိုက်ချောင်းလမ်းဆုံတွင် စိုက်ထူခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးမြေစိုက်နံရံကပ်ပြဘုတ်တွင် "ပန်းခင်းစီမံချက်" လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကို ကိုင်ကြစို့နှင့် အိမ်ထောင်စု လူဦးရေစာရင်း အသက် (၁၆) နှစ်ပြည့်ပြီး နိုင်ငံသားတိုင်း ကတ်ပြားတစ်မျိုးမျိုးကိုင်ဆောင်နိုင်ရေး "ပန်းခင်း စီမံချက်" ဖြင့်ဆောင်ရွက် လျက်ရှိပါသည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်မည့် ပြည်သူများအနေဖြင့် မြို့နယ် လဝကရုံး/ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဆက်သွယ်ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်သည့် အသိပညာပေး မြေစိုက်ဘုတ်စိုက်ထူဆောင်ရွက်ခဲ့သည်။
ဇေယျာသီရိမြို့နယ်တွင် ပန်းခင်းစီမံချက် မြေစိုက်ဘုတ်တင်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဥတ္တရခရိုင် ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦး၊ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးစန်းလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇေထက်အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးကြည်နိုင် နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
မြို့နယ်(ပြန်/ဆက်)