မိုင်းရယ်မြို့နယ်၌ ဒုတိယအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၅၅၂၀)ဦး ထိုးနှံပြီးစီး

မိုင်းရယ် အောက်တိုဘာ ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ယမန်နေ့နံနက် ၁၀ နာရီမှစ၍ မိုင်းရယ်မြို့၊ မိုင်းဟိန်းကျန်းမာရေးဌာနခွဲတွင် အသက်(၁၈)နှစ် အထက်ရှိသူများအား ဒုတိယအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အသီးသီး ထိုးနှံပေးခဲ့သည်။

မိုင်းရယ်မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ဒုတိယအသုတ် ပထမအကြိမ်ထိုးနှံရမည့် ဦးတည် အုပ်စုအလိုက် ကာကွယ်ဆေး ထိုးနှံမှုတွင် မိုင်းဟိန်းကျန်းမာရေးဌာနခွဲတွင် ကာကွယ်ဆေး ထိုးနှံပြီးစီးသူ ၁၅၅ ဦးရှိပြီး ယနေ့အထိ စုစုပေါင်း (၅၅၂၀)ဦး ရှိပြီဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးစီုးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ကမ်းမယ့်လက် ပရဟိတအဖွဲ့များ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်ဇင်ထိုက်