ပြင်ဦးလွင် အောက်တိုဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြိုတွင် အသက် ( ၁၈ ) နှစ် နှင့် အထက် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်း ( ၁) နာရီကပြင်ဉီးလွင် ( အခမဲ့ ) နာရေးကူညီမှုအသင်းကြီး၌ ကျင်းပပြုလုပ် သည် ။
ပြင်ဦးလွင် (အခမဲ့) နာရေးကူညီမှုအသင်းကြီးမှ ဦးဆောင်၍ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် မထိုးနှံရသေး သည့် အသက် ( ၁၈ ) နှစ် နှင့် အထက် အသင်းသား / အသင်းသူများ ၏မိသားစုဝင်များအား ကာကွယ်ဆေးထိုး စုရပ်အဖြစ် သတ်မှတ်ပြီး အပူချိန်တိုင်းတာခြင်း၊စာရင်း များရေးသွင်းခြင်းနှင့် ကျန်းမာရေးဆိုင်ရာများ စစ်ဆေးခြင်း စသည့် ကျန်းမာရေး ညွှန်ကြားချက်
များအား လိုက်နာဆောင်ရွက်ပြီး တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများပူးပေါင်းကာ လူဦးရေ (၂၀၀) ဦးခန့် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး လျက် ရှိပါကြောင်းတာဝန်ရှိသူတစ်ဉီး၏ ပြောကြားချက်အရ သိရှိရသည်။
ခရိုင် (ပြန်/ဆက်)