တိုက်နယ် ကျေးလက်ကျန်းမာရေးဌာန၊စုရပ်နေရာ၌ ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

ကျောက်ထု အောက်တိုဘာ ၈

 

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ကျောက်ထုမြို့ တိုက်နယ်ကျေးလက် ကျန်းမာရေးဌာန တွင် စုရပ်သတ်မှတ်ပြီး ကလေးများအား အဆုပ်ရောဂါ (ငါး)မျိုးစပ်၊ဝက်သက်၊ ဂျိုက်သိုး၊ အသွင်ပြောင်း ပိုလီယိုကာကွယ်ဆေး ထိုးနှံခြင်း နှင့် ကလေးများအား အသက်အရွယ်အလိုက် ဝမ်းပျက် ဝမ်းလျှော ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ဆုံဆို့နာ မေးခိုင်ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို အောက်တိုဘာလ ( ၄ ) ရက်နေ့ မှ (၇) ရက်နေ့ အထိ နံနက်(၉)နာရီ မှ ညနေ (၄)နာရီ အထိ ဆေးထိုး ဆောင်ရွက်ကြကြောင်းသိရသည်။

 

အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ကြရာတွင် ကျောက်ထုမြို့ မိခင်နှင့် ကလေးစောင့်ရှောက်ရေး ကျေးလက် ကျန်းမားရေး ဌာနခွဲ ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အသက် တစ်နှစ်အောက် ကလေးများအား ဆုံဆို့နာ ရောဂါ၊ ကြက်ညှာ ချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊အသည်းရောင် အသားဝါ (ဘီ)(ငါး)မျိုးစပ်နှင့် ကိုယ်ဝန်ဆောင်မိခင်များအား ဆုံဆို့မေးခိုင်ကာကွယ် ဆေးများကို COVID-19 ရောဂါ ထိန်းချုပ်ကာကွယ်ရေး စည်းကမ်းချက်များ နှင့် အညီဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

 

အဆိုပါ ကာကွယ်ဆေးများ ထိုးနှံပေးကြရာတွင် ကလေးများအသက်တစ်နှစ်အောက် စုစုပေါင်း (၁၈၅)ဦး နှင့် ကိုယ်ဝန်ဆောင် မိခင်များ စုစုပေါင်း(၉၃)ဦး တို့အား ဆေးထိုးနှံ ပေးကြရာတွင် ကျောက်ထုမြို့ရှိ ရပ်ကွက်နှင့် ရပ်နီးရပ်ဝေး ကျေးရွာအုပ်စုများရှိ လူထုများမှ လာရောက်၍ ကာကွယ်ဆေးများထိုးနှံ ခဲ့ကြကြောင်းကျေးလက် ကျန်းမာရေးဌာန ဝန်ထမ်းများ၏ ပြောကြားချက်အရ သိရှိရသည်။

 

မောဟေမာန်