ပုလောမြို့နယ် တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာပြီး လုပ်ငန်းခွင်သို့ ဝင်ရောက်လာသူ၏ ရင်တွင်းစကားသံ

 

ပုလော  အောက်တိုဘာ  ၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် တွင် ကိုဗစ် -၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ကိုဗစ် ကာကွယ်ဆေးများ ကို ရပ်ကွက်/ကျေးရွာများတွင် ထိုးနှံ ပေးလျက်ရှိပြီး၊ ကိုဗစ် -၁၉ ရောဂါ ကူးစက်ခံရ သော်လည်း ပြန်လည် ကောင်းမွန်လာသူ ဒေါ်အေးအေးဖြိုး ရင်တွင်းစကားသံကို ယခုလို ဖော်ပြပေးလိုက်ရပါသည်။

ဒေါ်အေးအေးဖြိုး မကျည်းကုန်းကျေးရွာ၊ ပုလောမြို့နယ် ကျွန်မကတော့ ဒေါ်အေးအေးဖြိုး ဖြစ်ပါတယ်။ မကျည်းကုန်းကျေးရွာမှာ နေထိုင်ပါတယ်။ ပုလောမြို့နယ်မှ ကိုဗစ်−၁၉ ရောဂါ စတင်ကူးစက်ခံရတဲ့ ပထမဦးဆုံ ပြည်သူဖြစ်ပါတယ်။ ကျွန်မရဲ့ ခင်ပွန်းက ကုန်ကားမောင်းပါတယ်။ ခင်ပွန်းဖြစ်သူ ဘုတ်တောင်မှာ ကုန်ကား အကူ မောင်းပေးဖို့ သူငယ်ချင်းရဲ့ အကူအညီတောင်းမှုကြောင့် သူငယ်ချင်းရဲ့ ကုန်ကားကို မြိတ်သို့ မောင်းပို့ပေးခဲ့ပါတယ်။ အပြန်မှာ သူငယ်ချင်းက သူမှာ ကိုဗစ်−၁၉ ရောဂါပိုး တွေ့ရှိပြီး ဖြစ်ကြောင်း ဖုန်းဖြစ် အကြောင်းကြားလာ ပါတယ်။ ခင်ပွန်းဖြစ်သူလည်း ဖျားတဲ့ဝေဒနာကို စတင်ခံစားရပါတယ်။ ခင်ပွန်း ဖြစ်သူ ဖျားလာတော့ သက်ဆိုင်ရာကို အကြောင်းကြားပြီး၊ ကျွန်မတို့ ဇနီးမောင်နှံ မကျည်းကုန်းကျေးရွာမှ ဖွင့်လှစ်ထားတဲ့ ကိုဗစ် ကုသရေး စင်တာမှာ ဆေးကုသမှု ခံယူပါတယ်။ ကျွန်မကတော့ မဖျားပါဘူး။ ခင်ပွန်းပဲ ဖျားပါတယ်။ ကျွန်မမှာ သွေးတိုးရောဂါ အခံရှိပြီး၊ ကြောက်စိတ်ကြောင့်ထင်ပါတယ်။ သွေးတိုးတာတွေ၊ မောပန်းတာ တွေကို ခံစားရပါတယ်။ ကိုယ်က ရပ်ရွာမှာ နေတော့ ကိုယ်နဲ့ ဆက်စပ်သူတွေ ကူးစက်မှု ဖြစ်မှာကို လည်း အရမ်းစိုးရိမ်မိပါတယ်။ ဒီစိတ်က ကျွန်မကို ပိုပင်ပန်းစေပါတယ်။ တစ်ခြားသူတွေ စစ်ဆေးခံပြီးမှ ကိုဗစ်ပိုး မရှိကြောင်း အတည်ပြုမှ ကျွန်မ စိတ်အေးရပါတယ်။

 ရောဂါ တွေ့ရှိမှုကြောင့် သေမှာကို ကြောက်တယ်။ ဒါကြောင့် ကျွန်မတို့ အစားများများ စား တယ်။ အိပ်ရေး၀၀အိပ်တယ်။ ကျန်းမာရေး လေ့ကျင့်ခန်းတွေ့ ပြုလုပ်တယ်။ တရားနာတယ်။ တရားထိုင်တယ်။ ရောဂါကုသရေး စင်တာမှာက ကျွန်မတို့ နှစ်ယောက်တည်းဆိုတော့ အေးချမ်း စွာဖြင့် နေထိုင်နိုင်တယ်။ အစားအသောက်ကိုလည်း ပရဟိတအသင်းအဖွဲ့များ၊ တာ၀န်ရှိသူများ၊ စေတနာရှင်ပြည်သူများကလည်း မစားနိုင်လောက်အောင် အလျှံအပယ် ပို့ပေးကြ တယ်။ ကျေးဇူးလည်း အထူးတင်ပါတယ်။ သူ့တို့ တွေ့ရဲ့ ဂရုစိုက်မှုကြောင့် ကျွန်မတို့ ရောဂါကူးစက် ခံရမှု တောင်ကို ကျော်လွန်ပြီး ၊ ကျန်းမာရေးကောင်းမွန်စွာဖြင့် အိမ်ကို ပြန်လာနိုင်တယ်။ အခုတော့ ရောဂါ ကာကွယ်ဆေးကို (၂)ကြိမ် စလုံးထိုးပြီးပါပြီးရှင် ၊ ရောဂါကူးစက်ခံရသူကို အဓိက မှာချင်တာကတော့ ရောဂါကူးစက်ခံရပါက အစားကို ဝဝစားပါ။ တရား အားထုတ်၍ ကောင်းစွာ အနားယူပါ။ ဆေးကို ပုံမှန်သောက်ပါ။ အိပ်ရေ ၀အောင်အိပ်ပါ။ လေ့ကျင့်ခန်း ပြုလုပ်ပါ။ ရောဂါ ခံစားရပါက ပြင်ပ သောကတွေကို မေ့ဖျောက်ပြီး မိမိကိုယ်ကို ဂရုစိုက် နေထိုင်ပါက ပြန်လည် ကောင်းမွန်လာမယ်ဆိုတာ ယုံကြည်မိပါတယ်။ ကျေးဇူးတင်ပြတယ်ရှင်။

အေးအေးမော်(ပုလော)