သာစည်မြို့ ရုံးပေါင်းစုံလမ်းအား နိုင်လွန်ကတ္တရာခင်းခြင်းဆောင်ရွက်

 သာစည် အောက်တိုဘာ ၈

မန္တလေးတိုင်းဒေသကြီး   သာစည်မြို့နယ်တွင် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ထောက်ပံ့ပေးမှုနှင့် မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့၏ ဘတ်ဂျက်ရန်ပုံငွေတို့ဖြင့်  သာစည်မြို့ အမှတ်(၅)ရပ်ကွက် ရုံးပေါင်းစုံလမ်းအားနိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်း  ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။

အဆိုပါနိုင်လွန်ကတ္တရာလမ်းခင်းရာတွင်   လမ်းအရှည် ၁၀၉၃ ပေ၊လမ်းအကျယ် ၁၆ ပေနှင့်ထု ၃ လက္မတို့ကို ခန့်မှန်း ကုန်ကျငွေကျပ်  ၁၇.၉၄၉   သန်းဖြင့်  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  အဆိုပါ   လမ်းခင်းခြင်းကိုတိုင်းဒေသကြီး စည်ပင် သာယာရေးအဖွဲ့မှ ငွေကျပ်  ၁၁. ၂၈၉  သန်းနှင့်နိုင်လွန်ကတ္တရာ  ၁၄.၅၄  တန်ထောက်ပံ့မှု၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် သာစည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ဘတ်ဂျက်ရန်ပုံငွေမှ ငွေကျပ် ၆.၆၆ သန်းတို့ဖြင့် ဆောင်ရွက် လျက်ရှိကာ  လမ်းခင်းခြင်း လုပ်ငန်းအား တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ လာရောက် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင် အရာရှိ ဦးရဲနိုင်ထံကသိရသည်။

သာစည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်   မြို့နယ် စည်ပင်သာယာ ရေးအဖွဲ့၏ ဘတ်ဂျက်ရန်ပုံငွေဖြင့် ကတ္တရာလမ်း ၁၈ လမ်း ၊ ကျောက်ချောလမ်း ၆ လမ်းနှင့်  လက်ရှိ ဆောင်ရွက်လျက်ရှိသော နိုင်လွန်ကတ္တရာ လမ်းခင်းခြင်း အပါအဝင် ၂၅ လမ်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)