ပုလောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

ပုလော  အောက်တိုဘာ ၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ အောက်တိုဘာလ ၈ ရက်နေ့ နံနက် (၉)နာရီမှ စတင်၍ ကိုဗစ်−၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံရန် ကျန်ရှိနေသော ဒေသခံပြည်သူ ထိုးနှံ ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။

ပုလော မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့် တာ၀န်ရှိသူများက ကြီးကြပ် မှုဖြင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှ ၀န်ထမ်းများက အသက် (၁၈) နှစ်ပြည့်ပြီး အကြောင်း အမျိုးမျိုး ကြောင့် ကိုဗစ်−၁၉ ရောဂါကာကွယ် ဆေးထိုး နှံရန် ကျန်ရှိနေသော သံဃာတော်နှင့် သီလရှင်များ၊ ဒေသခံ ပြည်သူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးကို ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ထုတ်လုပ် သော Sinopharm အမျိုးအစား ဖြစ်ကြောင်း၊ ပုလောမြို့နယ်၌ သြဂုတ်လနှင့် စက်တင်ဘာလ များတွင် လူဦးရေ ၁၀၃၉၀ ဦး ထိုးနှံပေးနိုင်ခဲ့ပြီး၊ ယခုလတွင် ဆေးလုံရေ (၁၈၄၄)  လုံးရရှိကာ (၉၂၂၀) ဦး ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။

အေးအေးမော် (ပုလော)