ကရသူရိ အောက်တိုဘာ ၈
တနင်္သာရီတိုင်းဒေသေကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာ ကွယ်ရေး အသိပေးတိုက်တွန်း နှိုးဆော်ခြင်းကို ယနေ့ နံနက် ၁၀နာရီက မြို့ပေါ်ရပ်ကွက်များနှင့် ပြည်ထောင်စုလမ်းမကြီးတွင် ပြည်သူများကို အသိပေး တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရ သည်။
ထို့သို့ဆောင်ရွက်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်အေးအေးသန်းနှင့်ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါကိုမိမိကစ၍ ကာကွယ်နိုင်ရေး အပြင် ထွက်သွားလာတိုင်းနှာခေါင်းစည်း(Mask)ကိုတပ်ဆင်ပါ၊ နှာခေါင်းစည်း (Mask) တပ်ဆင်မထားသူများနှင့် တွေ့ဆုံစကားပြောဆိုခြင်းရှောင်ကြဉ်ကြပါ၊ လက်ကိုမကြာခဏ ဆပ်ပြာနှင့် စက္ကန့်(၂၀) ကြာအောင် စနစ်တကျဆေးကြောပေးကြပါ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို နှစ်ကြိမ်ပြီးစီးအောင်ထိုးနှံထားကြရန်၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါအခံရှိသူများကို ရောဂါ ကူးစက်မှုမခံရအောင် ဂရုပြုနေထိုင်ကြရန်၊ ရောဂါကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူရန်နှင့် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်တားဆီးနိုင်ရေး ပြည်သူအားလုံးလိုက်နာဆောင်ရွက်ရေးတို့ကို အသိပေးတိုက်တွန်း နှိုးဆော်ခဲ့ကြောင်း အဆိုပါ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ရေးအသိပေး နှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အပတ်စဉ်တိုက်တွန်းနှိုးဆော် ပေးနေကြောင်းသိရသည်။
အေးအေးသန်း