သံဖြူဇရပ် အောက်တိုဘာ ၁၃
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်စီးမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူများကို ယနေ့နံနက် (၉) နာရီအချိန် က သတ်မှတ်စုရပ် (၇)နေရာတွင် ဒုတိယအကြိမ် ကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ် -၁၉ ကာကွယ်ဆေးကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ် ထွေ/အုပ်ဝန်ထမ်းများနှင့် မီးသတ်တပ်ဖွဲ့ဝန်ထမ်းများ ပူးပေါင်း၍ ကာကွယ်ဆေးလာရောက်ထိုးနှံသူများအား သွေးပေါင်ချိန်တိုင်ခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်၍ ပုံမှန်အခြေအနေရှိမှသာ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သီတာဝင်း