ဘုတ်ပြင်း အောက်တိုဘာလ ၁၃
တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းခရိုင် ၊ ဘုတ်ပြင်းမြို့နယ်တွင် အခြေခံပညာကျောင်းများ တွင် ပညာသင်ကြားလျက်ရှိသော အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် ဆောင်ရွက်ထားရှိမှု အခြေအနေနှင့်ပတ်သက်၍ မြို့နယ် ပညာရေးမှူး ဦးအောင်စိုးနှင့် ယခုလိုမေးမြန်းခဲ့ပါသည်။
မေး- ဆရာကြီး၏ အမည်နှင့်တာဝန်ထမ်းဆောင်နေတဲ့ ရာထူးတာဝန်ကို သိပါရစေရှင် ။
ဖြေ- ဆရာကြီးကတော့ ဘုတ်ပြင်းမြို့နယ်တာဝန်ထမ်းဆောင်နေတဲ့ မြို့နယ်ပညာရေးမှူး ဦးအောင်စိုး ဖြစ်ပါတယ် ။
မေး- နိုင်ငံတော်ရဲ့အစီအစဉ်နဲ့အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသားကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးမည်အစီအစဉ်ကို သိပါရစေရှင် ။
ဖြေ- ယခုထိုးနှံပေးမည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကတော့ (Sinovac) ကာကွယ်ဆေးလို့ သိရပါတယ်။ ကာကွယ်ဆေး(၂)ကြိမ်ထိုးနှံမှာပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမ အကြိမ် ကို အောက်တိုဘာလ ဒုတိယအပတ်မှာ စတင်ထိုးနှံပေးပြီးတော့ ၂၈ ရက်အကြာမှာ ဒုတိယ အကြိမ် ထိုးနှံမှာဖြစ်ပါတယ်။
မေး- အခြေခံပညာကျောင်းတွေမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းအတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို သိပါရစေရှင် ။
ဖြေ- အခြေခံပညာကျောင်းတွေမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ပေးခြင်းလုပ်ငန်းကို ဆောင် ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး ပညာရေးမှူးရုံးမှညွှန်ကြားချက်၊ မြို့နယ်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ရဲ့လမ်းညွှန်ချက်ဖြင့် အသက်(၁၂)နှစ်နှင့်အထက် ကာကွယ်ဆေး ထိုးနှံရေးစီမံချက် ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမှာပါ။
မေး- ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးမည့် ဆေးထိုးစုရပါများကိုလည်း ပြောပြပေးပါရှင့်
ဖြေ- ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်က ဆေးထိုးအဖွဲ့(၄)ဖွဲ့ဖြင့် သက်ဆိုင်ရာ ကာကွယ်ဆေး ထိုးနှံပေးမည့်ဆေးထိုးစုရပ် (၂၂)နေရာ စီစဉ်ထားပါတယ် ။
မေး- ကျောင်းသားကျောင်းသူတွေကို စုရပ်တွေမှာကာကွယ်ဆေးထိုးနှံဖို့အတွက် အသိပေးနှိုးဆော် ချက်တွေဆောင်ရွက်မည့်အစီအစဉ်ကို သိပါရစေရှင် ။
ဖြေ- ကျောင်းသားကျောင်းသူတွေကို အသက်(၁၂)နှစ်နှင့်အထက် ကာကွယ်ဆေးထိုးနှံဖို့ အသိပေး နှိုးဆော်ချက်တွေကို ဆေးထိုးစုရပ်ဆောင်ရွက်မည် သက်ဆိုင်ရာကျောင်းများမှာ နံရံကပ် စာစောင်များဖြင့် ကြေညာထားပါမည်။ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများမှာ သက်ဆိုင်ရာ များနှင့် ပူးပေါင်းအဖွဲ့တွေက အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ခြင်းတွေ ပြုလုပ်နေပါတယ် ။
မေး- ကာကွယ်ဆေးလာရောက်ထိုးနှံရာမှာ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရန် ပူးပေါင်း ဆောင်ရွက်နေတဲ့ ဌာန /အဖွဲ့အစည်းကို ပြောပြပေးပါရှင် ။
ဖြေ- ကာကွယ်ဆေးထိုးနှံရာမှာ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရန် ဆေးထိုးစုရပ်များတွင် ကာကွယ်ဆေးထိုးခြင်းကိစ္စ၊ လုံခြုံရေးကိစ္စတို့ကို သက်ဆိုင်ရာဌာနများရဲ့ ပံ့ပိုးကူညီမှုဖြင့် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ် ။
မေး- ဆရာ၊ဆရာမများ ကာကွယ်ဆေးထိုးနှံပြီးစီးမှုအခြေအနေကို ပြောပြပေးပါရှင်။
ဖြေ- ဘုတ်ပြင်းမြို့နယ်မှာရှိတဲ့ ဆရာ၊ဆရာမများမှာ (၅၈၁)ဦးရှိပြီး ကာကွယ်ဆေး(၂)ကြိမ် ထိုးထားပြီးသူ ရာခိုင်းနှုန်းအားဖြင့် ( ၈၂.၆၁)ရာခိုင်နှုန်းထိုးပြီးပါပြီ။
မေး- ဖြည့်စွက်ပြောကြားလို့တာများရှိရင်လည်း ပြောကြားပေးလို့ပါတယ် ဆရာကြီးရှင် ။
ဖြေ- ကျောင်းပြန်ဖွင့်နိုင်ဖို့ ပြင်ဆင်နေတဲ့အချိန်ဖြစ်ပါတယ်၊ ဆရာ၊ဆရာမများကို ကြိုတင် ဆောင်ရွက်ရမည့် လုပ်ငန်းတွေကိုမှာကြားထားပြီးဖြစ်ပါတယ် ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကာကွယ် ဆေးထိုးနှံမည့် ကျောင်းသားကျောင်းသူများ၏ မိဘအုပ်ထိန်းသူများရဲ့ သဘော တူညီချက်ကို ကြိုတင်ရယူထားရန်နှင့ကာကွယ်ဆေး ထိုးစာရင်းဖြည့်သွင်းရာမှာ မွေးသက္ကရာဇ်အမှန်ဖြည့်သွင်းနိုင်ရေး ကူညီဆောင်ရွက်နိုင်ရန်နှင့် ကျောင်းသား မိဘများ အနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ရာနှုန်းပြည့် ကာကွယ်ဆေးလာရောက်ထိုးနှံပေးခြင်းဖြင့် ကူညီပံ့ပို့းဆောင်ရွက်ပေးကြဖို့ တိုက်တွန်း လိုပါတယ်။
မေး- ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးမှုအပေါ် ဆရာကြီးရဲ့ ပီတိစကားသံကိုလည်း ပြောကြား ပေးပါရှင်။
ဖြေ- ကမ္ဘာကပ်ရောဂါဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါကြီးဖြစ်ပေါ်နေတဲ့အတွက် စာသင်ခန်းနှင့်ကင်းကွာ အလှမ်းဝေနေတဲ့ ကျောင်းသားကျောင်းသူများကို တစ်နည်းအားဖြင့် ပညာသင်ယူသည့် အခွင့် အလမ်းဆုံးရှုံးနေတဲ့ ကလေးတွေကို ပညာသင်ပေးနိုင်တော့မှာဖြစ်တဲ့တွက် အတိုင်းမသိ ဝမ်းသာပါတယ်လို့ ပြောကြားလိုပါတယ်ခင်ဗျား ။
ဒေါ်ဖြူဖြူသိန်း