မြောက်ဦး အောက်တိုဘာ ၁၄
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဘောင်းဒွတ်ကျေးရွာ၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးခြင်းအား ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ ဓမ္မာရုံအတွင်း၌ ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်ပြုလုပ်ဆောင်ရွက်ပေးရာသို့ မြောက်ဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်သက်တင် ဦးဆောင်သော ဝန်ထမ်းများမှ ကုလားကကျေးရွာ အတွင်းရှိ ကျေးလက်နေပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ကျေးရွာများအလိုက် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြား ထုတ်ပေးခြင်း လုပ်ငန်းကို ၂၀၂၁ ခုနှစ် မေ ၃ ရက်မှ ၂၀၂၂ ခုနှစ် နိုတင်ဘာ ၃ ရက်အထိ ၁၈ လကြာဆောင်ရွက်ပေးလျက်ရှိပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ " လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင် ကြစို့" ဆောင်ပုဒ် အတိုင်း ကျေးရွာများအရောက် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကုလားက ကျေးရွာအတွင်းမှ အသက်(၁၈)နှစ် ပြည့်ပြီးသူများ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား မရှိသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အသစ်ပြုလုပ်ပေးလျက်ရှိရာ ကျေးရွာအတွင်းရှိ နိုင်ငံသားစိစစ်ရေး ကတ်အသစ် ပြုလုပ်သူ ကျား(၃၀)ဦးနှင့်မ(၁၁၀)ဦး စုစုပေါင်း (၁၄၀)ဦးတို့အား နိုင်ငံသားကတ်ပြုလုပ်ပေးခြင်းနှင့် အိမ်ထောင်စု လူဦးရေစာရင်း မရှိသူများနှင့် ပျောက်ဆုံး ပျက်စီသူများအား အိမ်ထောင်စုလူဦး ရေစာရင်း(၄)ခုတို့အား ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)