ဒက္ခိဏသီရိမြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများကို တတိယနေ့အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ကို ဆက်လက်ထိုးနှံပေး

ဒက္ခိဏသီရိ အောက်တိုဘာ ၁၄

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများကို ယနေ့နံနက်(၉)နာရီမှစတင်၍ ဒက္ခိဏသီရိ မြို့နယ် အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်း ဆေးထိုးစုရပ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ကို ပထမအကြိမ်ထိုးနှံခြင်း တတိယနေ့အဖြစ် ဆက်လက်ထိုးနှံ ပေးလျက်ရှိသည်။

အသက် ၁၂ နှစ်နှင့်အထက် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ကို ထိုးနှံမှုဆောင်ရွက်ရာတွင် ကာကွယ်ဆေး လာရောက်ထိုးနှံသည့် ကျောင်းသား၊ ကျောင်းသူများ၏ မိဘများမှ ထောက်ခံချက်စာရင်း ပေးသွင်းခြင်း၊ သက်ဆိုင်ရာ ကျန်းမာရေးဌာန ဝန်ထမ်းများနှင့်တာဝန်ရှိသူများက သွေးပေါင်ချိန် ပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ ကာကွယ်ဆေး ထိုးနှံပြီး သည့် ကျောင်းသား၊ သူများအား မိနစ်(၃၀)ခန့် အနားယူစေပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ သက်ဆိုင်ရာကျန်းမာရေးဌာန ဝန်ထမ်းများနှင့် တာဝန်ရှိသူများက ဆောင်ရွက်ပေးကြသည်။

ယနေ့ ဒက္ခိဏသီရိမြို့နယ်အတွင်း အသက် ၁၂ နှစ်နှင့်အထက် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ပထမရက်တွင် ကျောင်းသားဦးရေ (၁၀၀) ဦး၊ ဒုတိယရက်တွင် ကျောင်းသားဦးရေ (၁၀၀) ဦး၊ တတိယရက်တွင် ကျောင်းသားဦးရေ (၁၀၀) ဦး၊ စုစုပေါင်းကျောင်းသားဦးရေ (၃၀၀) ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ထိုးနှံပြီးစီးခဲ့ကြောင်း သိရသည်။

ဒက္ခိဏသီရိမြို့နယ်အနေဖြင့် အခြေခံပညာကျောင်းပေါင်း(၁၃)၊ ကိုယ်ပိုင်သင်ကျောင်း(၃) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ကျောင်း(၁)ကျောင်း၊ စုစုပေါင်း(၁၇)ကျောင်းတို့က အသက် (၁၂) နှစ်အထက် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူပေါင်း (၈၃၅)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူပေါင်း (၂၂၂၆) ဦး စုစုပေါင်း(၃၀၆၁)ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို သတ်မှတ်ရက် ကျောင်းအလိုက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)