နန်းယွန်း အောက်တိုဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့၌ ယမန်နေ့နံနက်၁၂ နာရီအချိန်မှ စတင်၍ ဖျားနာ၊ ချောင်းဆိုးပြီး လက္ခဏာများပြနေသော လူနာ (၁၇)ဦးအား မြို့နယ်ပြည်သူ့ဆေးရုံတွင် (RDT) ဖြင့်စစ်ဆေးခဲ့ရာ (၇)ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး Positive အဖြေထွက်ရှိခဲ့ပြီး ကျန်(၁၀)ဦးမှာ Negative အဖြေ ထွက်ရှိခဲ့ကြောင်းသိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများမှာ နန်းယွန်းမြို့ပေါ်ရှိ ရှရရပ်ကွက်တွင်နေထိုင်သူဖြစ်ပြီး ထိုပိုးတွေ့ လူနာ(၇)ဦးအား နန်းယွန်းမြို့ပြည်သူ့ဆေးရုံရှိ မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်မှု အဆောင်တွင် ဆေးကုသမှုခံယူစေ၍ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပြီး ၎င်းပိုးတွေ့လူနာများနှင့်အတူဆေးစစ်ခံ (၁၀)ဦးအား Home Quarantine ဆက်လက်ထားရှိဆောင်ရွက်စေပြီး ပိုးတွေ့ရှိသူ မိသားစုဝင်များအား Lock Down ထားရှိဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန် ရေးကော်မတီမှ သိရသည်။
ဟန်ကမ်း(နန်းယွန်း)