မိုးနဲ အောက်တိုဘာ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးခရိုင်၊ မိုးနဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို အချိန်နှင့် တပြေးညီ မိုးနဲမြို့နယ်တွင်း ကိုဗစ်-၁၉ ရောဂါ ကင်းစင်ပပျောက်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ၏ စည်းကမ်းချက်များနှင့်အညီ ယနေ့နေ့လည် ၁နာရီအချိန်တွင် မြို့နယ် ကမ္ဘောဇခန်းမ၌ ၁၈ နှစ်နှင့်အထက် ဒုတိယအသုတ် ပထမကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ် ကိုဗစ် ကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ရဲစခန်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို အုပ်စုလိုက် ပထမကြိမ် ဒုတိယကြိမ်အဖြစ် ထိုးနှံပေးလျက်ရှိပြီး ယနေ့တွင်လည်း ၁၈ နှစ်နှင့်အထက် လာရောက်ထိုးနှံသူများကို စာရင်းသွင်းပေးခြင်း၊ ကိုယ်ပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန်ခြင်းများကို စနစ်တကျ ပြုလုပ်ပေးပြီး ၆ပေအကွာတွင် ထိုင်စေကာ ယခင်ထိုးနှံပေးလျက်ရှိသည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံထုတ် SINOPHARM အမျိုးအစားခေါ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို တစ်လုံးလျင် (၅) ယောက်နူန်းဖြင့် ယနေ့တွင် လာရောက်ထိုးနှံကြသည့် ရပ်ကွက်နေပြည်သူ ၁၀၀ ဦးခန့်ကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ဇင်ကိုကို(ပြန်/ဆက်)